အပိုင်း ၉၆

2.8K 343 2
                                    

Unicode

-ရှရှီပေ ဒေါသ

အစတုန်းက ကျင်ယာကျန်း လက်ကောက်ကို ရှရှီပေ လွယ်အိတ်ထဲရှိမယ်လို့ ယုံကြည်ချက်ရှိခဲ့တာ။

ဒါပေမယ့် နောက်ဖြစ်စဉ်တွေက သူမကို မင်သက်စေတယ်။

လက်ကောက်က ဘယ်မှာလဲ?!

သူမ မနေနိုင်ဘဲ တုန်လှုပ်နေတယ်။

လက်ကောက်က ရှရှီပေ အိတ်ထဲမှ မဟုတ်ရင် ဘယ်မှာလဲ?!

သူမ အိတ်ထဲ မဖြစ်နိုင်ဘူးဆိုတာ သူမသိပေမယ့် ကောင်မလေး သူမအိတ်ကို ရှာနေတာကြည့်ပြီး သူမ လက်‌ဖျားခြေဖျားတွေ အေးစက်လာတယ်။

ကောင်မလေးက ငွေရောင်လက်ကောက်လေးကို အံ့ဩတဲ့အမူအရာနဲ့ ဆွဲထုတ်လာတော့ သူမ နှလုံးက စက္ကန့်အနည်းငယ်လောက် အခုန်ရပ်သွားပြီး သူမ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ မလှုပ်ရှားနိုင်ဖြစ်ကုန်တယ်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!

လက်ကောက်က သူမအိတ်ထဲ ဘာလို့ ရောက်နေရတာလဲ?!

ဒါပေမယ့် သူမ ဘယ်လိုဘဲ အံ့ဩနေပါစေ သူမ လက်တွေ့ကို ပြောင်းပြန်လှန်လို့ မရဘူး။

"ဒါက နင့်လက်ကောက် ဟုတ်တယ်မလား?" ရှရှီပေ ထောင်ယွယ်ယင်းကို မေးလိုက်တယ်။

ထောင်ယွယ်ယင်း မပြောခင် စည်းကမ်းရေးဆရာက လက်ကောက်ကို ယူလိုက်တယ်။

"ဒီမှာ တကယ့်ပလက်တီနမ်နဲ့ စိန်အသေးလေးတွေပါတယ်"

စည်းကမ်းရေးဆရာက အဲ့ဒီလက်ကောက်မှာ အစစ်ဖြစ်ကြောင်းကို သက်သေပြုလိုက်တယ်။

ထောင်ယွယ်ယင်းနဲ့ ကျင်ယာကျန်းတို့ နှစ်ယောက်လုံး အံ့ဩသွားကြတယ်။

ဘာလို့ လက်ကောက်က ကျင်ယာကျန်းအိတ်ထဲရောက်နေရတာလဲ?!

"ငါ မခိုးဘူး နင်ငါ့ကို ချောက်ချနေတာ!" ကျင်ယာကျန်း နောက်ဆုံး ရှရှီပေကို သုန်မှုန်နေတဲ့ရုပ်နဲ့ လက်ညှိုးထိုးပြီး အော်လိုက်တယ်။ "ငါ့ကို ချောက်ချတာ နင်! နင်ဘဲ!"

သူမရဲ့ စွပ်စွဲမှုကို တွေ့ပြီး ရှရှီပေ အမူအရာက ခက်ထန်သွားကာ အော်လိုက်တယ်။ "တော်လောက်ပြီ!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now