အပိုင်း ၁၇၆

1.3K 151 2
                                    

- မင်း အနုပညာရှင် ဖြစ်ချင်လား?

တစ်ယောက်ယောက်က တုန့်ရန်မူကြိုကျောင်းမှာ လူ့အဖွဲ့အစည်းကို လက်တုန့်ပြန်ဖို့ ကြိုးစားသည့် သတင်းထွက်လာတော့ ထို ဇာတ်လမ်းက လူအများ၏ စိတ်ဝင်စားမှုကို ရစေသည်။

ကလေးတွေက မိသားစုတိုင်း၏ ရတနာလေးတွေပင်။ ကလေးတစ်ယောက် တစ်ခုခုဖြစ်ရင် မိဘတွေနှင့် အခြားမိသားစုဝင်တွေက နာကျင်မှုတွေအများကြီး ခံစားရပေမည်။

ဤကဲ့သို့ ရက်စက်သော ကိစ္စတွေ အရင်က ဖြစ်ဖူးတာကြောင့် ကျောင်းအများစုက သူတို့၏ လုံခြုံရေးရေးကို တိုးမြှင့်ထားကြသည်။

သို့ပေမယ့် သူတို့ ဘယ်လိုဘဲ ကြိုးစားကြိုးစား သူတို့ ထို ယုတ်မာသော လူတွေ ဆိုးရွားသော အပြုအမူတွေ ပြုလုပ်တာကနေ မတားနိုင်။

သတင်းကို မကြည့်ခင် အကုန်လုံးက ကလေး သေတာတွေ ဒဏ်ရာရ‌တာ‌ေတွ မြင်ရမှာကို စိတ်ပူနေသည်။

သို့ပေမယ့် အကုန်လုံးက ဇာတ်လမ်းတစ်ခုလုံးကို ဖတ်ပြီး စိတ်သက်သာရာ ရသွားတော့သည်။

အဘယ့်ကြောင့်ဆိုသော် တစ်ယောက်ယောက်က ဒုက္ခရောက်နေသည့်သူကို ကယ်ပြီး လူသတ်သမားကို နှိမ်နင်းလိုက်တာကြောင့် ကျောင်းသား တစ်ဦး‌တစ်ယောက်မှ ဒဏ်ရာမရ!

"ကောင်းတယ်! ဘယ်ကလေးမှ ဒဏ်ရာမရဘူး! ဘယ်မိသားစုကမှ နှလုံးနာကျင်စရာ ကိစ္စတွေ ကြုံရမှာ မဟုတ်တော့ဘူး!"

"ဇာတ်လမ်းက အရမ်းရိုးရှင်းပေမယ့်လည်း အခြေအနေတွေက အရမ်း အန္တရာယ်များနေမှာ! အဲ့လို ဆန်ကုန်မြေလေးမျိူးက သေဒဏ်နဲ့ ထိုက်တန်တယ်!"

"အလုပ်မရှိတဲ့လူ အရှုံးသမားက ကလေးတွေကို အန္တရာယ်ပေးဖို့ ကြံရဲတာ! အဲ့လို‌လးတွေက ဘာလို့ သတ်မသေကြတာလဲ?!"

"သူရဲကောင်းက သူတို့ကို ကယ်လိုက်တာ! ဘယ်လူငယ်လေးလဲတော့ ငါမသိဘူး ဒါပေမယ့် ငါတော့ အရမ်း ကြိုက်သွားပြီ!"

"အပေါ်ကလူ လူငယ်လေးမဟုတ်ဘူး ဆယ်ကျော်သက် ကောင်မလေး သူမက တကယ်ဘဲ လှသေးတယ်!"

"ဒီလို လေးနက်တဲ့ ပို့စ်တွေမှာ စိတ်ကူးမယဉ်လို့မရဘူးလား? ဒါက အလှပြိုင်ပွဲမဟုတ်ဘူး သူမက လှတယ်ဆိုတဲ့ အချက်အလက်ကို မင်းက ဘယ်ကနေ သွားရှာလာတာလဲ?!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now