အပိုင်း ၁၉၃

369 52 0
                                    

နောက်တစ်နေ့ ဖန်းယန် ချိန်းထားသည့်နေရာကို စောသွားခဲ့သည်။

ခဏလောက်စောင့်ပြီးနောက် ရှရှီပေ ရောက်လာခဲ့သည်။

ထိုအချိန်တွင် သူမဘေး၌ စတိုင်တစ်ခုဖြင့် လှပသော မိန်းမတစ်ယောက် ပါလာသည်။

'သူမက ရှရှီပေရဲ့ အုပ်ထိန်းသူအသစ်လား?' ဖန်းယန်တွေးရင်း မြန်မြန် မတ်တပ်ရပ်လိုက်သည်။

"လာ ဒီမှာထိုင်"

လျိုမန်ဟုန် ဖန်းယန်၏ ကလေးမျက်နှာလေးကို ကြည့်လိုက်ရာ မသိလိုက်ခင်မှာပဲ မျက်ခုံးပင့်မိသွားသည်။ "ပေပေ သမီးက သူနဲ့ စာချုပ်ချုပ်မှာလား?"

"ဟုတ်တယ်" ရှရှီပေ ခေါင်းငြိမ့်လိုက်သည်။

"တရားဝင်တဲ့ပုံမပေါ်ဘူးနော် နောက်ထပ် အေဂျင်စီရှာကြမလား? အစ်မ လူတွေအများကြီးကို သိတယ်"

လျိုမန်ဟုန်၏ စကားတို့က ဖန်းယန်ရင်ထဲ စူးခနဲ ဝင်သွားသည်။ သူ အဖက်မလုပ်ခံနေရတာလား?

ဖန်းယန် လူချင်း အငြင်းခံလိုက်သည်ကြောင့် မျက်နှာ‌ဖြူဖျော့သွားပေမယ့် တောင့်ခံထားသည်။

"မင်္ဂလာပါ ကျွန်တော့်နာမည်က ဖန်းယန်ပါ ကျွန်တော်က ST ဖျော်ဖြေရေးရဲ့ ငွေအဆင့်အေးဂျင့်တစ်ယောက်ပါ"

"ST ဖျော်ဖြေရေး?" လျိုမန်ဟုန် ခဏလောက် မျက်မှောင်ကုတ်သွားပြီးနောက် သူမမျက်နှာက မည်းမှောင်သွားသည်။ "ပိုင်မေရွှယ်က မင်းတို့က ကုမ္ပဏီကလား?"

"ဟုတ်ပါတယ်" ဖန်းယန် ကြောင်အအဖြင့် ခေါင်းငြိမ့်လိုက်သည်။ "အစ်မ သူ့ကို သိလို့လား?"

"ဒါပေါ့! ဘာလို့မသိရမှာလဲ?" လျိုမန်ဟုန် ရွံရှာသော အကြည့်ဖြင့် သရော်ပြုံးပြုံးလိုက်သည်။ "သူက မင်းသမီးဖြစ်နေသေးမှန်း ငါ မသိပါဘူးတော်! ဖော်ထုတ်ခံရပြီး အနုပညာလောကက ထွက်မသွားသေးဘူးလား?"

ဖန်းယန် သူ့ကို အံ့ဩစွာကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်ကြား သွေးကြွေးအများကြီးရှိပုံပင်!

"အင်း...ကျွန်တော်လည်း မသိဘူးဗျ"

သူ အနည်းငယ် နေရခက်နေသည်။ သူဘာပြောနိုင်မှာလဲ?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now