အပိုင်း ၆၃

3.4K 391 14
                                    

Unicode

- သက်သေအခိုင်အမာ

ယန်ရွှမ့် ဖုန်းကို ဖွင့်ပြီး ရှရှီပေ သူ့ရဲ့ ပင်ဂွင်းအကောင့်ကို ဝင်ကာ gallery ထဲ ဝင်လိုက်တယ်။

"ငါ့ ဖုန်းပြန်ပေး!"

သူ အသိစိတ်လွတ်စွာ ကြောက်ရွံ့သွားပြီး သူ့မျက်နှာလည်း ဖျော့တော့သွားတယ်။

သူ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီး သူ့ဖုန်းကို ပြန်ယူကြိုးစားလိုက်ပေမယ့် ရှရှီပေက ခြေထောက်မြှောက်ပြီး သူ့ကို ဘေးဘက်ကို ကန်လိုက်တယ်။

စုန့်ကျားရန် ရှရှီပေရဲ့ အားကို အံ့ဩဖို့ကို အခွင့်အရေး မရခင် ဖုန်းစခရင်ပေါ်က ဓာတ်ပုံကို တွေ့လိုက်တယ်။

ပုံထဲမှာ ယန်ရွှမ်နဲ့ ကျင်ယာကျန်းရဲ့ ခေါင်းတွေက တစ်ယောက်ကို တစ်ယောက်မှီထားကြတာ အရမ်း ရင်းနှီးတဲ့ပုံပေါ်ပြီး သူတို့မျက်နှာပေါ်မှာ တောက်ပပြီး ပျော်မြူးနေတဲ့ အပြုံးတွေ တပ်ဆင်ထားတယ်။

စုန့်ကျားရန် ဘွင်းဘွင်းရှင်းရှင်း သက်သေတွေကို မြင်လိုက်ရတော့ အသက်ရှုချက်တောင် လည်ပင်းတစ်သွားရတယ်။

ရှရှီပေ လက်ချောင်းတစ်ခါရွေ့လိုက်တာနဲ့ပင် နောက်တစ်ပုံပြောင်းသွားတယ်။

ယန်ရွှမ်နဲ့ ကျင်ယာကျန်းပုံဘဲ။ ဒီတစ်ခါတော့ သူတို့ နှုတ်ခမ်းတွေက ထိကပ်နေတာ။

စုန့်ကျားရန် မျက်နှာပေါ်က အကြည့်က ပိုပြီး ဆိုးရွားလာတယ်။

နောက်တစ်ပုံလည်း ယန်ရွှမ်ဘဲ ဒါပေမယ့် မတူညီတဲ့ မိန်းမ‌တစ်ယောက်။

စုန့်ကျားရန် ဖုန်းကို ဆွဲလုပြီး ဖုန်းထဲက ပုံတွေကို သူ့ဘာသူ ကြည့်တော့တယ်။

သူမ ကြည့်လေလေ ပိုပြီး စိတ်ပျက်လာလေလေဘဲ။

ရှရှီပေပြောတဲ့အတိုင်းဘဲ။ ယန်ရွှမ်က သေသေချာချာကြီးကို မြာပွေတဲ့သူ!

ယန်ရွှမ်နဲ့ မိန်းကလေးအများကြီးရဲ့ ပုံတွေ ပြီးတော့ ကျင်ယာကျန်းက သူတို့ တစ်ယောက်။

ယန်ရွှမ် မြေပြင်ပေါ်ကနေ အပက်တကုပ် ထလာတယ်။ မနည်းမနော ချွေးတွေ ထွက်နေကာ အလွန်အမင်း စိတ်ပင်ပန်းနွမ်းနယ်နေပြီး သောကရောက်နေပုံဖြင့် သူ အော်လိုက်တယ်။ "ငါ့ဖုန်းကို ပြန်ပေး!"

ရက်စက်သောနတ်ဘုရားမOnde as histórias ganham vida. Descobre agora