အပိုင်း ၄၂

3.6K 446 1
                                    

Unicode

-မျိုးရိုးတူပြီး ဆက်ဆံခံရပုံခြင်း ကွဲပြား

ကျောင်းကနေ မပြန်သေးတဲ့ ကျောင်းသားတွေက စုန့်ကျားရန်နဲ့ ရှရှီပေ တူတူ တွဲလျှောက်သွားတာကို မြင်ရတော့ သူတို့ ရှော့ရသွားတယ်

သူတို့နှစ်ယောက် တူတူတွဲလျှောက်တော့ ရလဒ်က တော်တော် ပြောင်‌ေမြာက်တာဘဲ!

တစ်ယောက်က ရှည်ပြီး တစ်ယောက်က ပု တစ်ယောက်က ဝပြီး တစ်ယောက်က ပိန်.....ယှဉ်လိုက်ရင်တောင် ကွာခြားမှုက တော်တော်ကြီးတာဘဲ!

သူတို့ ရှရှီပေကို အရင်မြင်လိုက်ရင် သက်တောင့်သက်သာ ခံစားရတယ်

ပြီးတော့ သူတို့ခေါင်းတွေကို စုန့်ကျားရန်ဘက် လှည့်ကြည့်လိုက်ရင် ရှရှီပေကို ပိုမိုပြည့်စုံစေတယ်

စုန့်ကျားရန်နဲ့ ယှဉ်လိုက်ရင် ရှရှီပေက ပိုလှပြီး စုန့်ကျားရန်က တော်တော် ကြောက်စရာကောင်းရုံမက အကူသာသာဘဲရှိတယ်

"ဆိုတော့ ဒါက နှင်းဆီနီနဲ့ သစ်ရွက်စိမ်းပေါ့!"

"ဝိုး ပြဒါးတစ်လမ်း သံတစ်လမ်းဘဲ ဒါကြီးက!"

"စုန့်ကျားရန်က ဘာလုပ်နေတာလဲ?"

"သူမဘေးက အလှလေးက ဘယ်သူလဲ? သူမက ရှချင်းဟန်ထက်တောင် ပိုလှသေးတယ်!"

အကြည့်တွေနဲ့ တိုးတိုး တိုးတိုး ပြောတဲ့အသံတွေက စုန့်ကျားရန်ကို စိတ်တိုစေတယ် တစ်ကမ္ဘာလုံးမှာ သူမအမုန်းဆုံးက မိန်းမလှတွေဘဲ

သူတို့နှစ်ယောက် ယှဉ်လျှောက်လာတော့ အာရုံစူးစိုက်မှု တော်တော်များများရပေမယ့် စုန့်ကျားရန်ကို ကြည့်တဲ့အကြည့်တွေက စိမ်းကားလွန်းလှတယ် သူမက ရှရှီပေသာ သူမကို ဝိတ်ကျအောင် လုပ်ပေးနိုင်မယ်လို့ မထင်ထားရင် သူမလှည့်ထွက်သွားလောက်ပြီ

သူတို့ ကျောင်းပေါက်ဝရောက်တဲ့အခါမှာတော့ စုန့်ကျားရန်ကို လာကြိုတဲ့ကားက စောင့်နေပြီ

ဒရိုင်ဘာက စုန့်ကျားရန် မိန်းမလှလေးကို ခေါ်လာတာတွေတော့ အနည်းငယ် အံဩသွားတယ် သူတို့ သခင်မလေးနားမှာ ဘယ်တုန်းကမှ ရှရှီပေလိုလှတဲ့ မိန်းမ‌လှလေးတွေ မရှိဖူးဘူး!

ရက်စက်သောနတ်ဘုရားမМесто, где живут истории. Откройте их для себя