အပိုင်း ၁၀၀

2.8K 323 3
                                    

Unicode

-ကားရောင်းခြင်း

"ဒါက ဆုကြီးမဟုတ်ဘူးလား?"

စုန့်ကျားရန် ရှရှီပေထက် ပျော်နေပုံပေါ်တယ်။ "အစစ်ဆိုတော့ မြန်မြန် ကျွန်မတို့ကို ဆုထုတ်ပေးတော့! ကျွန်မတို့မှာ ဒါပြီးရင် လုပ်စရာရှိသေးတယ်!"

မန်နေဂျာထောင် ပြုံးနေတဲ့ ရှရှီပေကို ကြည့်ပြီး သူ့ရင်ထဲက ခါးသက်မှုတို့က ပိုပြီး များလာတယ်။

နောက်ဆက်တွဲဖြစ်မယ့်ဟာတွေကို တွေးပြီး သူ မျက်ရည်တောင် ကျတော့မယ်။

ဒါပေမယ့် သူ အားလုံးအရှေ့မှာ ဘာမှ မလုပ်ရဲ။

"အိုကေ ငါ မင်းကို အခုဘဲ ကားပေးလိုက်မယ်" သူ အပြုံးတောင့်တောင့်ကြီးနဲ့ ပြုံးပြလိုက်တယ်။

ဒါပေမယ့် ရှရှီပေက အသက်ငယ်သေးပြီး ယာဉ်မောင်းလိုင်စင် မရှိတာကြောင့် သူမ ကားကို ယူလည်း သူမ မောင်းမရဘူး။

ထို့ကြောင့် သူမ မေးလိုက်တယ်။ "ပိုက်ဆံနဲ့ လဲပေးလို့ရလား?"

"ပိုက်ဆံ?" မန်နေဂျာထောင်ရဲ့ မျက်နှာက ‌ဖြူဖျော့သွားတယ်။ "မင်းက ပိုက်ဆံ ဘယ်လိုပြောင်းချင်တာလဲ?"

"မလွယ်ဘူးလား?" စုန့်ကျားရန် ပြောလိုက်တယ်။ "ကားရဲ့ တန်ဖိုးနဲ့ ညီတဲ့ ပိုက်ဆံကို ကျွန်မတို့ကို ပေးလိုက်လေ!"

"အမ်...." မန်နေဂျာထောင်ရဲ့ နှုတ်ခမ်းက တွန့်သွားတယ်။ "ငါတို့ ကုမ္ပဏီမှာ အဲ့စည်းမျဉ်းမရှိဘူး"

"ကောင်းပြီ ဒါဆ်ိုလည်း"

ရှရှီပေ ဆက်မပြောတော့ဘဲ မေးလိုက်တယ်။ "ဒီကားရဲ့ လက်ရှိဈေးက ဘယ်လောက်လဲ?"

မန်နေဂျာထောင် ပြန်ပြောလိုက်တယ်။ "ယွမ် နှစ်သိန်းငါးသောင်း"

"အိုကေ"

ရှရှီပေလှည့်လိုက်ပြီး သူမ ဘေးပတ်လည်က ကြည့်နေတဲ့သူတွေကို တိုက်ရိုက်ပြောလိုက်တယ်။ "ဒီကားကို ဘယ်သူလိုချင်လဲ? ကျွန်မ ရှင်တို့ကို ရောင်းပေးမယ် ဒီကားရဲ့ လက်ရှိဈေးကွက်တန်ဖိုးက နှစ်သိန်းငါးသောင်း ကျွန်မ နှစ်သိန်း နှစ်သောင်းနဲ့ ရောင်းမယ်"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now