အပိုင်း ၉၉

2.7K 343 4
                                    

Unicode

- ဆုကြီး

သူမ ကားဆိုတဲ့ စကားလုံးကို ပြောလိုက်သည့်အခါ အသံတိတ်ခလုတ်ကို ဖိလိုက်သလိုပင်။

နှစ်စက္ကန့်အကြာတွင် ထိုနေရာက အရင်အတိုင်း ပြန်ဖြစ်သွားတယ်။

"ကား?!"

"ငါ ကြားတာမှန်ရဲ့လား?! ဆုကြီး?!"

"မဖြစ်နိုင်တာ?!"

"ငါ ဆုမဲ နှိုက်ဖို့ စောင့်နေသေးတယ်လေ! ကားက ထွက်သွားပြီလား?"

ကြည့်ရှုနေသူတွေရဲ့ အသံက ကျယ်သထက်ကျယ်လာပြီး သူတို့ရဲ့ ဂနာမငြိမ်သော ခံစားချက်တို့က ပျံ့လာတယ်။

ဝန်ထမ်းက သူတို့နားကို ကပ်ပြီး ပြောလိုက်တယ်။ "ကျွန်တော် တစ်ချက်လောက်ကြည့်ပါဦးမယ်"

စကားလုံးတွေကို ရှင်းရှင်းလင်းလင်း ဖတ်ပြီးသောအခါ ဝန်ထမ်းလည်း ရှော့ရသွားတယ်။

တကယ် ဆုကြီးဘဲ! ဘယ်လို ကံတောင်လဲ!

ကြည့်ရှုသူတွေက ရှော့ရလို့ အော်ကုန်ကြပြီး သူတို့ နားကို ကပ်လာကြတယ်။ "ကြည့်ရအောင်! ကြည့်ရအောင်!"

စိတ်လှုပ်ရှားမှု၊ မနာလိုမှု၊ စိတ်ပျက်မှု....ထိုခံစားမှုတို့ကို အားလုံး စုပေါင်းလိုက်တော့ အကုန်လုံးကို ရူးသွပ်သည်အထိ ဖြစ်စေတယ်။

ဆုကြီး!

"နင်အရမ်း ကံကောင်းတာဘဲ မိန်းကလေး! တကယ် ဆုကြီး!"

"အို့ နိုး ငါ့ကား! ငါ မဲနှိုက်ဖို့ ငါ့အလှည့်ကို စောင့်တုန်းလေ!"

"ငါ အရမ်း မနာလိုတာဘဲ!"

"မိန်းကလေး နင့်ကံက ထူးခြားဝာာဘဲ!"

"မိန်းကလေး နင့်မှာ ကားမောင်းလိုင်စင် ရှိသလား? နင်က ကျောင်းသူဘဲ ရှိသေးတာလား? နင် အရမ်းကံကောင်းတာဘဲ!"

ကံကောင်းလိုက်တာ.....

အကုန်လုံးက အရမ်း မနာလိုဖြစ်နေကြတယ်။ ဘယ်သူက ဂျက်ပေါ့ကို မနိုင်ချင်မှာလဲ?

ဒါပေမယ့် သူတို့ထဲက ကံအကောင်းဆုံးက အများဆုံးမှ လျှပ်စစ်ရေနွေးကရားလောက် နိုင်နိုင်တာ။ အဲ့တာက ကားနဲ့ ယှဉ်လို့ မရဘူး!

ရက်စက်သောနတ်ဘုရားမΌπου ζουν οι ιστορίες. Ανακάλυψε τώρα