အပိုင်း ၃၉

3.6K 445 8
                                    

Unicode

- ရှက်စရာ

မစ္စတာ သူ့မိန်းမက ကျင်ယာကျန်းကို မြန်မြန်ရှာမယ်လို့ မထင်ထားဘူး ပိုပြီး မထင်မှတ်ထားတာက သူမက ကိစ္စတစ်ခုလုံးကို အကြီးကြီး ဖြစ်အောင်လုပ်ပစ်လိုက်တာ!

သူ့မိန်းမ၏ ကြမ်းတမ်းပြီး ထိန်းမနိုင်သိမ်းမရတဲ့ မျက်နှာကို ကြည့်ပြီး သူ့စိတ်ထဲ ဖြစ်နေသည့် မေ့‌လဲချင်သည့် စိတ်ကို ထိန်းထားနေရသည်။

တော်တော်ကြီး ရှက်စရာကောင်းတယ်!

"ခင်ဗျား ကျွန်တော်တို့ ကျောင်းသားကို လွှတ်ပေးလိုက်ရင် ကောင်းမယ်!" ဌာနမှူးက စိတ်တို ပူပန်ပြီး အော်လိုက်တယ် "ခင်ဗျားက ဘယ်က ဟာကြီးလဲ?!"

ကျောင်းက တော်တော် စည်းကမ်းကြီးပြီး အပြင်လူတွေက ကျောင်းဝန်းထဲ ဝင်ခွင့်မရှိဘူးအထူးသဖြင့် စာသင်ချိန်တွေပေါ့

ဆရာကျန်း ရှေ့တစ်လှမ်းတိုးလိုက်ပြီး မစ္စတာယန်ကို ကို့ရိုးကားရားကြည့်ကာ ပြောလိုက်တယ် "သူမက ကျွန်တော့်အတန်းထဲက ကျောင်းသူတစ်ယောက်ပါ" သူဖြေလိုက်တယ်"ပြီးတော့ မစ္စတာ ယန်ရဲ့ ဇနီးရောရောက်နေတာ"

အားလုံး မစ္စတာယန်ကို လှည့်ကြည့်လိုက်ကြတယ် သူ့ကို ကြည့်တဲ့အကြည့်တွေက သူ့ကို နေရခက်စေတယ်

"သူမကို လွှတ်လိုက်! မင်းဘာဖြစ်ချင်‌ေနတာလဲ!"

မစ္စတာယန် မချုပ်တည်းထားနိုင်တော့ဘဲနဲ့ မစ္စယန်ကို အော်လာတယ် သူက ဘယ်တုန်းကမှ ဒီလို အရှက်မကွဲဖူးဘူး ဒါပေမယ့် ဒီနေ့တော့ အရှက်ကွဲပြီလေ!

"ဒါတွေအကုန်လုံး ဒီခွေးမရဲ့ အပြစ်တွေကြီးဘဲ! သူမက ကျွန်မတို့ ရွှမ်ရွှမ်ကို ဆွဲဆောင်ပြီး သူမအတွက် ယွမ် ၂၀၀၀၀ ကိုတောင် ချေးခိုင်းသေးတယ်!"

သူမ ငွေအမောက်ကို ပြောတဲ့အခါ မစ္စယန် ပိုပြီး တုန်လှုပ်လာတယ်

"သမီး မလုပ်ခိုင်းဘူး!" ကျင်ယာကျန်း သူမ ဆံပင်ကို ဆွဲထားတဲ့ မစ္စယန်ရဲ့ လက်ကို ရိုက်ပုတ်လိုက်ပြီး အော်လိုက်တယ်" သမီးကို လွှတ်!"

ကျင်ယာကျန်းရဲ့ စိတ်မ‌ချမ်းမြေ့စရာ ချုံးချုံးကျနေတဲ့ ရုပ်ကို ကြည့်လိုက်တော့ တတိယအခန်းရဲ့ ကျောင်းသားတွေက ရှော့ရသွားပြီး ခေါင်းခြောက်သွားတယ် အနီးနားက ကျောင်းသားတေွကလည်း အခြေအနေအသေးစိတ်ကို စူးစမ်းကြရာ အကုန်လုံး နားလည်သွားကြတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now