အပိုင်း ၁၇၉

1K 121 3
                                    

-မင်းသားနဲ့ မင်းသမီးတွေ

"စီအီးအို...ချောင်....."

ရှရှဟိုင် သူလုပ်ခဲ့တာကို သိသည့်အတိုင်း ကြောက်လန့်နေသည်။ သူသာ ရဲခေါ်လိုက်ရင် ထောင်ဘယ်နှစ်နှစ်လောက်ကျမယ်ဆိုတာ ဘယ်သူက သိမှာလဲ?!

ကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ယောက်အနေနှင့် တစ်ခုခုလုပ်ဖို့ အရမ်းရိုးရှင်းလွန်းသည်။

ဘယ်သူမှ ဂရုမစိုက်ရင် အဆင်ပြေသည်။ သို့ပေမယ့် ထိပ်ဆုံးက ဘော့စ်သာ တစ်ခုခုကို စစ်ဆေးခဲ့ရင် ရာဇဝတ်မှု ဖြစ်သွားမှာ!

ဘော့စ်ဖုန်း သူ့ဗိုက်ပူကြီးကို လေးနက်သ‌ော မျက်နှာဖြင့် ရှေ့ကို ထုတ်လိုက်သည်။

"လောင်ရှ မင်းက ငါတို့ ကုမ္ပဏီရဲ့ ဝါရင့်ဝန်ထမ်းဟောင်းတစ်ယောက် ပြီးတော့ မင်း ငါတို့ကို အကျိုးကျေးဇူးတွေ အများကြီး ယူလာခဲ့ပေးသေးတယ် ဒါပေမယ့် မင်းဘာလို့ ရန်ပုံငွေကို အလွဲသုံးစားလုပ်ပြီး ကုမ္ပဏီကို အကျိုးကို အန္တရာယ်ပြုချင်ရတာလဲ? အလိုလေး!"

နောက်ဆုံး သူ သက်ပျင်းချကာ ဒေါသထွက်ပြီး ကူရာမရဖြစ်နေသည်။

"ဘော့စ်ဖုန်း ကျွန်တော်...ကျွန်တော် ပိုက်ဆံအကုန်လုံး ပြန်ထည့်ပေးပြီးသွားပြီလေ!" ရှရှဟိုင် မြန်မြန်ရှင်းပြဖို့ လုပ်လိုက်သည်။ "အဲ့တာ...."

"မင်း ပြန်ရှာပေးတယ်ဆိုရင်တောင် မဖြစ်ခဲ့ဘူးလို့ သတ်မှတ်လိုက်လို့ရလား?" ချောင်ရန်ကျွယ် လေးနက်နေပြီး မြင့်မြတ်ပုံပေါ်နေသည်။ "ကျုပ်တို့ ဒါတွေကို သေချာ မကိုင်တွယ်ရင် သူများတွေလည်း ဒီလို လုပ်လာမယ်မဟုတ်ဘူးလား? ကျုပ်တို့ ဒီလိုအခြေအနေမျိုးကို မကိုင်တွယ်နိုင်ရင် ကျုပ်တို့ ကုမ္ပဏီက ဘာဖြစ်သွားမလဲ?"

"စီအီးအိုချောင်!" ရှရှဟိုင်မျက်နှာက ဖျော့တော့ကာ ဒူးထောက်တော့မတတ်ပင်။

"ပြီးတော့ ခင်ဗျား ဒီနေ့လုပ်ခဲ့တဲ့ လုပ်ရပ်က ကုမ္ပဏီကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်!" ချောင်ရန်ကျွယ် မျက်နှာက တင်းမာနေသည်။

သူတို့ ဒီနေ့ ဘာလုပ်ခဲ့လဲ?!

ရှရှဟိုင်နှင့် လျိုလီရှင်းတို့ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ပြီး စကားလုံးများပျောက်ရှနေသည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now