အပိုင်း ၁၅၉

1.6K 178 1
                                    

- နင်တို့က အချစ်စစ်နဲ့ ချစ်ကြတာဘဲ

အတန်းပြီးတော့ ကျင်ယာကျန်း ချက်ချင်း ပြေးထွက်သွားသည်။

ရှရှီပေ သူမ၏ ပျာယာခတ်နေသော ပုံရိပ်ကို ကြည့်ပြီး အပြုံးတို့က ကျယ်ပြန့်လာသည်။

"ပွဲကြီး ပွဲကောင်းတော့ ကြည့်ရတော့မှာဘဲ...."

ထန်လော် သူမကို ကြည့်ပြီး ရှော့ရကာ စိတ်ရှုပ်သွားသည်။

သူမ ဤကိစ္စတွေကို ဘယ်လိုသိရတာလဲ?

ကျင်ယာကျန်း အတန်းထဲက ထွက်သွားပြီးတော့ နေရာလွတ်ကိုရှာကာ ဖုန်းပြန်ခေါ်လိုက်သည်။

"မင်း ဘာလို့ ငါ့ဖုန်းကို ချရတာလဲ?" ကြမ်းတမ်းသာ ယောက်ျားသံက အခြားတစ်ဖက်ကနေ ထွက်လာသည်။

"မ..မနက်ခင်း စာလုပ်ချိန်မလို့ ကျွန်မ ဖုန်းကိုင်လို့မရဘူး!" ကျင်ယာကျန်း မြန်မြန် ရှင်းပြလိုက်သည်။

"မင်း‌က ကျောင်းမှာလား?"

"ဟုတ်တယ်လေ! ကျွန်မ ကျောင်းမှာမဟုတ်ရင် ဘယ်မှ ရှိနေရမှာလဲ?"

"မင်း ချားပေါ်မှာ ရှိရမှာမဟုတ်ဘူးလား?"

ထိုစကားများကြားတော့ ကျင်ယာကျန်း မျက်နှာက ဖျော့တော့သွားသည်။ "ရှင်ဘာတွေ ပြောနေတာလဲ? ဘာ ချားလဲ? ရှင် ချားသွားစီးချင်လို့လား?"

"ဟက်..."

တစ်ဖက်က အသံက တိုးကာ အေးစက်သွားသည်။ "ငါတော့ မင်း ချားကောင်းကောင်းစီးခဲ့ရတယ် ထင်တာဘဲ!"

"ရှင်...ရှင် ဗရုတ်သုတ်ခတွေ ပြောနေတာ!" ကျင်ယာကျန်း မျက်နှာက ပိုဖျော့တော့သွားသည်။

"ငါက ဗရုတ်သုတ်ခပြောတယ်ဟုတ်လား? မင်း အခု ရေကူးကန်ထဲမှာ ရှိရမှာ မဟုတ်ဘူးလား?! အို့ မဟုတ်ဘူး မင်း ရှော့ပင်ထွက်နေသင့်တာ! အဲ့အရုပ်လေးက ချစ်စရာလေး မဟုတ်ဘူးလား?"

ထိုယောက်ျားအသံက အေးစက်ကာ တင်းမာလာပြီး ရန်လိုမှုတွေပါ ‌ပါဝင်လာသည်။

ကျင်ယာကျန်း တစ်ကိုယ်လုံး အေးစက်သွားပြီး သူမ ခြေတွေ လက်တွေက ထုံထိုင်းသွားက သူမ လျှာလည်း ခါးသက်လာသည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now