ရင်းနှီးသောသူနှင့် ဝင်တိုးခြင်း

6.4K 584 0
                                    

Unicode

ရှရှီပေ ပြန်လည်မွေးဖွားတဲ့ စိတ်ကူးယဉ် ကမ္ဘာထဲမှာ တိရစ္ဆာန်ထိန်းကြောင်းသူ တော်ဝင် ရုက္ခဗေဒ ပညာရှင်တွေရှိတယ် အဲ့ဒီစကေးနှစ်ခုလုံးရှိတဲ့ သူကို သဘာဝလောက ပညာရှင်လို့ ခေါ်တယ်

သူမရဲ့ မှတ်ဉာဏ်တွေကြောင့် သူမရဲ့ စိတ်စွမ်းအားကောင်းလာပြီး ရှားပါးတဲ့ သဘာဝလောက ပညာရှင် ဖြစ်လာတယ်

သူမရဲ့ စကေးတွေက ဒီခေတ်မှာ မရှိသလောက် နီးပါးဖြစ်နေပေမယ့်လည်း လမ်းဘေးခွေးလေးတွေ ကြောင်လေးတွေ ထိန်းချုပ်တာလောက်ကတော့ သူမ အတွက် အရမ်း လွယ်တယ်

ရှရှီပေ သူမအနောက်က ထွက်လာတဲ့ အော်သံတွေကြောင့် တုန်လှုပ်မနေဘူး သူမ အရှေ့ကို ဆက်လျှောက်နေတယ် 

သူမ နောက်လမ်းကြားတစ်ခုကို ဖြတ်လျှောက်တဲ့ အချိန်မှာတော့ ခြေသံတွေကို ကြားရတယ်

"သူ့ကိုဖမ်း!သူက အရှေ့မှာ မျက်ခြေမပျက်စေနဲ့!"

ရှရှီပေ မျက်မှောင် ကျုံ့လိုက်တယ် သူမ ဒီလူတွေကို မျက်နှာချင်းမဆိုင်ချင်ဘူး  ဒါ့ကြောင့် သူမ သေသေချာချာ ရှောင်ပြေးလိုက်တယ်

သူမ ဝါးဖောင်နားရောက်ခါနီးမှာ သူမ နှာခေါင်းထဲကို သေွးနံ့က ဝင်လာတယ်

သူမ ဘာမှ မလုပ်ခင်မှာဘဲ လက်တစ်ဖက်က သူမကို ဝါးဖောင်ထဲကို ဆွဲခေါ်သွားတယ်

"ရှုး.."

တိုးရှတဲ့ အသံတစ်ခုထွက်ပေါ်လာတယ် သူမ စကားမပြောရသေးခင်မှာဘဲ သူ သူမကို ဖက်လိုက်ပြီး သူမ ပါးစပ်ကို အုပ်လိုက်တယ်

သွေးညှီနံ့နဲ့ အတူ ယောက်ျားဆန်တဲ့ အနံ့က  သူမ နှာဝထဲကို တိုးဝင်လာတယ်

အ‌ပြင်က ‌ေခြသံတွေက နီးကပ်လာတယ် သူတို့ရှိတဲ့နေရာကို ဦးတည်လာတယ်

ရှရှီပေ ဒေါသထွက်လာပြီ ဒါပေမယ့် သူ အဲ့ဒီလူတွေကို သူမတို့ အနား ကပ်ခွင့်မပေးနိုင်ဘူး သူတို့က သူမကို ဒီလူနဲ့ အတူတူလို့ ထင်သွားကြလိမ့်မယ်

သူမရဲ့ မျက်ခုံးများ တွန့်သွားတယ်

"ဟိုဘက်မှာ!" 

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now