Chapter《9》

15.6K 2.5K 14
                                    

Unicode

အခန်း(၉)
အမေ...သားအမေ့ကိုချစ်တယ်

တကယ်တော့ပိုင်ရိချန်က ဒရိုင်ဘာ,ဘာပြောနေလဲ ဆိုတာကို အာရုံမစိုက်ပေ။ သူကသူ့ရဲ့ နေလောင်နေသော ခေါင်းလေးကိုသာ မော့လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"ရပါတယ်သိပ်မကြာပါဘူး, သွားကြရအောင်"

ပြောပြီးသည်နှင့်သူက နောက်တံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်၏။

ကျုံရှင်းမှာ ထိတ်လန့်သွားမိတော့သည်။

ဒီအတိုင်းပဲလား.... ဒီလိုပဲပြီးသွားပြီလား?

ခေါင်းအပြည့် မေးခွန်းသင်္ကေတများဖြင့် သူကကားကို စတင်မောင်းလိုက်ကာ မေးလိုက်သည်။

"အခုဘယ်ကိုသွားချင်ပါသလဲဆရာ?"

ရိဟန်ကချက်ချင်းပဲပြန်ပြောသည်။ "အိမ်"

ကျုံရှင်းက မျက်လုံးများမှိတ်ပြီး အနားယူနေပြိဖြစ်သည့် ရိဟန်ကို နောက်ကြည့်မှန်မှ ကြည့်နေရင်းဖြင့် 'ဟုတ်ကဲ့'ဟု ပြန်ဖြေလိုက်ပြီး စတီယာရင်ကိုလှည့်ကာ မောင်းထွက်လိုက်တော့သည်။

သက်တော်စောင့် A, B, C: "..."

ဒီနေ့သခင်လေး ဘာဖြစ်နေတာလဲ? ဘာလို့ဒီနေ့ အရမ်းကို သည်းခံနေရတာလဲ? ဒရိုင်ဘာကသူ့ကို လမ်းပေါ်မှာ ဆယ်မိနစ်တောင် စောင့်ရအောင် လုပ်ထားတာလေ...

ဆယ်!မိ!နစ်!ကျော်!တောင်!

သူ့မျက်နှာတစ်ခုလုံးတောင် နီရဲနေပြီ! ဒီဘိုးဘေးလေးက တကယ်ကြီး တိတ်တိတ်လေး စောင့်နေတယ်! သူကဒေါသတောင် ထွက်မပြဘူး! နေကအနောက်ဘက်ကနေ ထွက်ပြီလား? ဒီနေ့က အိမ်မက်ဆန်နေသလိုပဲ... ကြည့်ရတာသူတို့တစ်ချိန်လုံး "..." ပဲဖြစ်နေရသလိုပဲ....

ဒါပေမဲ့ဒီလို ချိုမြိန်ပြိး လိမ္မာတဲ့ သခင်လေးက ကြည့်ရတာ ပိုချစ်ဖို့ကောင်းနေလိုပဲ... သူကအရမ်းကို ပျော့ပြောင်းသွက်လက်ပြီး ချစ်ဖို့ကောင်းတာတွေနဲ့ ပြည့်နှက်နေတယ်! အဲ့ဒါက သူတို့အားလုံးရဲ့ နှလုံးသားကို သူ့အတွက် နာကျင်စေတယ်..

ဒီကျုံရှင်းကတော့! သူတို့ပြန်ရောက်တာနဲ့ ပိုင်သခင်မကိုပြောမှဖြစ်မယ်! သူ့ကိုဆူပစ်!လုံးဝမသနားနဲ့!

(Completed) Reborn as a good childWhere stories live. Discover now