Chapter《99》

12.1K 1.8K 98
                                    

Unicode

အခန်း(၉၉) - ထောင်ချီနှစ်ယောက်

ရိဟန်နဲ့ နံရံတစ်ဖက်သာ ခြားသော ဆေးရုံခန်းလွတ်တစ်ခုထဲမှာ ကျင်းယွမ်က ပြတင်းပေါက်အား မျက်နှာမူရင်း သူ့လက်ထဲက စာရွက်စာတမ်းများကို လှန်လှောဖတ်ရှုနေသည်။

ကျင်းယွမ်ရဲ့ လက်ထောက်ဖြစ်သော ချန်ဟုန်က ပြတင်းပေါက်နားမှလူနဲ့ ခြေလှမ်းအနည်းငယ် အကွာမှာ မတ်တပ်ရပ်နေ၏။

"အဲ့ဒီအမျိုးသမီးက ထောင်ချီပါ" သူက ပြောလိုက်ပြီး ကြည်လင်သည့် အသံက ပဲ့တင်ထပ်နေသည်။

"သူမနဲ့ ပတ်သတ်လို့ ထူးခြားတာတော့ ဘာမှမရှိဘူး, သူမက လောလောဆယ် တက္ကသိုလ် ဒုတိယနှစ်ဖြစ်နေပါပြီ, သူမရဲ့ အဖေ ထောင်ကျန်းဖေက ထရပ်ကားမောင်းတယ်, သူ့ဝင်ငွေက ခရီးလမ်းကြောင်း အရှည်အတိုပေါ် မူတည်နေတာ, သူမရဲ့ အမေ ထန်းကျင်းကတော့ အိမ်ရှင်မတစ်ယောက်, သူမကတော့ ဘယ်တုန်းကမှ မလုပ်မလုပ်ဖူးဘူး"

" ထောင်ချီက သူတို့ရဲ့ အကြီးဆုံး သမီးတစ်ယောက်ဖြစ်သလို မောင်လေးတစ်ယောက်လည်းရှိတယ်, သူငယ်ငယ်တုန်းက မိသားစုအပေါ် မသိတတ်ခင်မှာ စီးပွားရေး နည်းနည်းပါးပါး လုပ်ဖို့အတွက် ကျောင်းနားခဲ့တယ်, အဲ့ဒီကနေတစ်ဆင့် ငွေကြေးအချို့ ရှာဖွေနိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူ ပါရမီရှင် စီးပွားရေးသမားလို့ ထင်ခဲ့တာ, သူက သာမာန်လူတစ်ယောက်တော့ မဟုတ်ပါဘူး ကံမကောင်းတာက ရည်မှန်းချက် ကြီးပေမယ့်လည်း ဂရုစိုက်မှုနည်းပါးပြီး ကျွမ်းကျင်မှု မရှိခဲ့ဘူး, ကံကောင်းမှုကြောင့် သူရှာနိုင်ခဲ့တဲ့ ငွေကြေးအနည်းငယ်က အလျင်အမြန်ပဲ သုံးလို့ကုန်သွားခဲ့ပြီး သူ့မိသားစုရဲ့ အကြံပေးချက်အောက်မှာ အလုပ်ရှာဖို့အတွက် 'သူ့ကိုယ်သူနှိမ့်ချခဲ့တယ်' ဒါပေမဲ့လည်း အကြိမ်တိုင်း ငြင်းပယ်ခံရတာပါပဲ"

"သူက သူအသုံးမကျလို့ ဆိုတဲ့အကြောင်းပြချက်ကို ဝန်ခံဖို့ ငြင်းဆန်ခဲ့ပြီး လူ့အဖွဲ့အစည်းက ယိုယွင်းလွန်းတာကြောင့်ဆိုပြီး အခိုင်အမာပြောခဲ့တယ်, အဲ့ဒါကြောင့်လည်း သူလို ပါရမီရှိတဲ့ လူတစ်ယောက်ကို ဘယ်သူကမှ လက်မခံတာပါပေါ့, တစ်နေကုန် သူ့ဘဝက မမျှတဘူးဆိုပြီးတော့ပဲ ညည်းတွားနေခဲ့တယ်, လေ့လာမှုလည်း မလုပ်တော့သလို အလုပ်လည်းမလုပ်ဘူး, သူလုပ်သမျှက တစ်နေကုန်အိမ်ထဲမှာပဲနေပြီး သူ့မိဘတွေဆီကနေ တစ်ပြားနှစ်ပြားခွာရင်းနဲ့ သူ့ကို အထွတ်အထိပ်ဆီ နောက်တစ်ခေါက် သယ်ဆောင်ပေးနိုင်မယ့် ကံကောင်းမှုကိုပဲ စောင့်ဆိုင်းနေတာ, အဲ့ဒီလူက ရွှံ့ချောချောတွေလိုမျိုး ဘယ်အရာကိုမှ ပုံသွင်းလို့မရတဲ့ လူတစ်ယောက်ပဲ"

(Completed) Reborn as a good childWhere stories live. Discover now