Chapter《22 and 23》

16.1K 2.5K 23
                                    

Unicode

အခန်း(၂၂) - နောက်ဆုံးအကြိမ် ထွက်ပြေးခြင်း

တံခါးကို နောက်ကျောပေးထားရင်းဖြင့် ပိုင်ရိဟန်က ကြမ်းပြင်ပေါ် လျှောချလိုက်ကာ သူ့ခေါင်းအား လက်မောင်းများဖြင့် အုပ်ထားမိသည်။

သူ့ရဲ့ ပြန်လည်မွေးဖွားခြင်းက နတ်ဘုရားက သူ့ကိုသနားလို့လား ဒါမှမဟုတ် အပြစ်ပေးချင်တာလား သူတကယ်ပဲ မသိတော့ဘူး

ဟက်, အပြစ်ဒဏ်ပဲ ဖြစ်မှာပါ

သူ့အရင်ဘဝက အပြစ်ကြွေးတွေအတွက် ဘဝအသစ်ပေးပြီး ပြန်ပေးဆပ်ခိုင်းတာ, သူချစ်ရတဲ့သူက သူ့ယောက်ဖ ဖြစ်လာမှာကို ပြုံးပြီးကြည့်ရအောင် လုပ်တာ, စုံတွဲအသစ်လေးကို ဂုဏ်ပြုပေးပြီး သားကောင်းတစ်ယောက်၊မောင်ကောင်းတစ်ယောက်အဖြစ် ရှင်သန်ရင်း သူ့ခံစားချက်တွေကိုတော့ ထာဝရ ဖုံးကွယ်ထားရတော့မယ်

သူ့နှလုံးသားထဲမှာ ရုတ်တရက် ဒေါသအရှိန် မြင့်တက်လာသည်။

ဘာကြောင့်လဲ? ဟုတ်တယ် သူအမှားလုပ်ခဲ့မိတယ်, ဒါပေမဲ့ သူ့အရင်ဘဝက ခံစားခဲ့ရတဲ့ အပြစ်ဒဏ်က မလုံလောက်သေးဘူးလား?

သူရင်ဆိုင်ခဲ့ရတဲ့ ဖိအားတွေနဲ့ အရှက်ကွဲမှုတွေ နာကျင်ရမှုတွေက ပေးချေမှုအတွက် မလုံလောက်သေးတာလား? မိသားစုဝင် တစ်ယောက်တောင် သူဘက်မရှိပဲ ရွံရှာစက်ဆုပ်ဖို့ ကောင်းတဲ့ နည်းလမ်းနဲ့ သေဆုံးခဲ့ရတာလေ, သူကိုယ်တိုင် သတ်ခဲ့တဲ့ အဲ့ဒီ လူယုတ်မာကောင်တွေရဲ့ အလောင်းကပဲ သူနဲ့အတူ လိုက်ပါပေးခဲ့တာ

သူ့ရဲ့ သေဆုံးခါနီး ဆန္ဒကတောင် သူ့အကြောင်းကို လူသိထင်ရှားမလုပ်ပဲ မိသားစုကို အရှက်မရအောင် လုပ်ပေးပါဆိုပြီး ရဲကို တောင်းဆိုခဲ့ရတယ်.... သူ့ကိုဘယ်မှာမြှုပ်ထားလဲတောင် သူမသိဘူး...လူဘယ်နှစ်ယောက်က သူ့ရဲ့ အနိုင်ကျင့်ခံထားရတဲ့ ခန္တာကိုယ်ကို ကြည့်ရှုစစ်ဆေးမလဲ ဆိုတာကိုလည်း သူမသိဘူး

သူချစ်ရတဲ့သူကို နောက်ဆုံး အကြိမ်လေးတောင် မတွေ့ခဲ့ရဘူး, မျက်လုံးမှိတ်ပြီးတောင် မသေနိုင်ခဲ့ဘူး!

ဒါတွေအားလုံးက မလုံလောက်သေးဘူးလား? ဘာလို့လဲ? ဘာလို့ သူမလွတ်မြောက်နိုင်ရသေးတာလဲ? ဘာလို့များ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထာဝရ အိပ်မသွားရတာလဲ?

(Completed) Reborn as a good childWhere stories live. Discover now