Chapter《79 and 80》

13.9K 2.1K 40
                                    

Unicode

အခန်း(၇၉) - ဒီလောက်ပြင်းထန်ဖို့ လိုလို့လား?

ရိဟန်နဲ့ ထျန်းဟောင်ဆီကိုလာနေတဲ့ လူငယ်များအား ဦးဆောင်လာသူမှာ လီဆွန်းဆိုသူဖြစ်သည်။ သူ့နာမည်မှ 'ဆွန်း'က လိုက်လျောညီထွေမှုရှိပြီး လွယ်ကူအေးဆေးခြင်း ဆိုသည့် စာလုံးကို သုံးထားခြင်းဖြစ်သော်လည်း သူ့အကျင့်စရိုက်တော့ နာမည်နဲ့ လုံးဝကို ဆန့်ကျင်ဘက်ပင်။

ကလေးဘဝကတည်းက ထိုလူသည် နတ်ဆိုးဆန်ကာ ရိုင်းစိုင်းသည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ မဟုတ်သေးဘူး, နတ်ဆိုးဆိုတာက အရမ်းမြင့်မားလွန်းသွားပြီ။ သူက အားနည်းသူကို အနိုင်ကျင့်ပြီး အားသာသူကို ဖိနှိပ်သည့် ကြီးနိုင်ငယ်ညှင်း အမျိုးအစားသာ။ ထိုလူက အဲ့ဒီအပိုင်းမှာတော့ အလွန်ကို 'ပြောင်းလွယ်ပြင်လွယ်' ရှိလှသည်။ ဖုန်းချွင်ရှိစဉ်မှာ သူက နောက်လိုက်များကို ဥိးဆောင်သည်။ အခု ဖုန်းချွင်က နင်းပြားခွေးတစ်ကောင် ဖြစ်သွားပြီ ဖြစ်တာကြောင့် လီဆွန်းက 'သူဌေး' ဖြစ်သွားခြင်းပင်။

သူက ဟုန်မင်းမှာ ကစားရန် သူ့အုပ်စုအား ဥိးဆောင်ခေါ်လာခြင်းက သူ့အချစ်သစ်လေးကို ပြရန်ဖြစ်သည်။ ထိုမိန်းကလေးက စိန်ရိုင်းတစ်လုံးပင်။ သူမရဲ့ ပုံစံက အလွန်တရာ အပြစ်ကင်းစင်ပြီး သင့်တင့်လျောက်ပတ်ပုံပေါ်ပေမယ့် အိပ်ယာပေါ်မှာတော့ အမျိုးသားပေါင်းများစွာနဲ့ လိင်ဆက်ဆံခြင်းကို ပျော်မွေ့သူဖြစ်သည်။

သူမက သူ့ကို ရက်အနည်းငယ်အတွင်း ခြောက်ကပ်အောင် လုပ်ပစ်လိုက်လိမ့်မယ်!

လီဆွန်းသည် ပိုင်သခင်လေးကို ဒီနေရာမှာ တေ့ွမယ်လို့ လုံးဝမထင်ထားခဲ့မိဘူး။ 

ဒီအရူးက ဘာဖြစ်သွားတာလဲ ဘယ်သူသိမှာလဲ... ရုတ်တရက်ကြီးသူတို့ကို လစ်လျူရှုလာတယ်လေ... သူတို့ဘာများ လုပ်နိုင်ဦးမှာလဲ?  ပိုင်မိသားစုထဲမှာ မွေးဖွားလာတဲ့ တစ်စုံတစ်ယောက်က သူတို့ကြိုက်တဲ့သူကို လစ်လျူရှုပိုင်ခွင့် ရှိတယ်... အကယ်၍ သူတို့က လက်ပြလာရင် မြန်မြန်လေးသာ ပြေးသွားလိုက်, အကယ်၍ သူတို့က တစ်ဖက်လှည့်လိုက်ပြီ ဆိုရင်တော့ ချက်ချင်းပဲ မြန်မြန်ထွက်သွားဖို့အတွက် ဉာဏ်ကောင်းနေရမယ်.... ဘဝမှာ ဘယ်အရာကမှ မမျှတဘူး

(Completed) Reborn as a good childWhere stories live. Discover now