Chapter《114》

10.7K 1.8K 96
                                    

Unicode

အခန်း(၁၁၄) - အဲ့ဒီတော့ ဒါကအချစ်ပေါ့

"အမေ, ကျွန်တော်သူမကို ချစ်တယ်" ထျန်းယောင်ရဲ့ အပြုံးက အတတ်နိုင်ဆုံး နှလုံးသားကို နွေးထွေးစေသည်။

"ကျွန်တော်က အနိုင်တွေ အရှုံးတွေကို ဂရုမစိုက်ပါဘူး, ကျွန်တော်သာ သူမနဲ့ အတူတူ ရှိနိုင်သ၍, သူမသာ ကျွန်တော့ကို ချစ်လာသ၍ ကျွန်တော်က ဘဝမှာ အကြီးကျယ်ဆုံး အောင်နိုင်သူ ဖြစ်လာမှာပါ "

"ငါ့သားလေးဆီကနေ ဒီလောက်ထိ အချစ်ခံရတာ ရွှယ်ချင်းကတကယ့်ကို ကံကောင်းတဲ့ အမျိုးသမီးလေးပဲ" သူ့အမေက ပြန်ပြောသည်။

"နေဦး, မဟုတ်သေးဘူး! သားပြောချင်တာက သူမက သားကို မချစ်သေးဘူးပေါ့လေ?"

ဒါဆို သူမသားရဲ့ အားစိုက်ထုတ်မှုတွေအားလုံးက ဘာမှမဟုတ်ဘူး ဖြစ်သွားမှာ မဟုတ်ဘူးလား?

"သေချာပေါက် သူမလည်း ကျွန်တော့ကို ချစ်တာပေါ့" ထျန်းယောင်က လည်ချောင်း တစ်ချက်ရှင်းပြီး ပြန်ပြောလိုက်ရသည်။ သူ့မျက်လုံးများကတော့ တောက်ပနေသည်။

"ကျွန်တော်က အနိုင်ရပြီးနေပါပြီလို့ ပြောသားပဲ"

အလွန်ရှားပါးလှသည့် မြင်ကွင်းတစ်ခုဖြစ်သော သားဖြစ်သူ၏ စိတ်မသက်မသာ ငေးကြည့်နေသည့် အကြည့်နဲ့ သူ့မျက်လုံးများက တံခါးဆီကို လှမ်းလှမ်းကြည့်နေသည်အား မြင်ရတာကြောင့် ထျန်းယောင်ရဲ့ အမေမှာ စိတ်ထဲမှာသာ သက်ပြင်းတစ်ချက် ချမိတော့သည်။

အိုး, ငါ့သား ငတုံးလေးကတော့လေ..... အမေတွေက သူတို့သားကို အသိဆုံးပဲ, သူဘာစဉ်းစားနေလဲ ဆိုတာ သူမ ဘယ်လိုများ မသိပဲ နေမှာလဲ? ဘယ်လိုပဲဖြစ်ဖြစ်ပါ, သူမကတော့ အကောင်းဆုံးကြိုးစားပြီး သူ့အိမ်မက်တွေကို မှန်ကန်အောင် လုပ်ပေးမှာပဲ...သူမက သူမသားရဲ့ အကြိုက်ကို ယုံကြည်တယ်

သူမသား မျက်စိကျတဲ့ အမျိုးသမီးက ပတ်ဝန်းကျင်က အမျိုးသမီးတွေထဲမှာ အကောင်းဆုံးတစ်ယောက် ဖြစ်နေမယ်လို့ သူမယုံကြည်တယ်, ပိုင်မိသားစုရဲ့ သမီးကို သူမလည်းသိပါတယ်, အဲ့ဒီအမျိုးသမီးက စွမ်းဆောင်နိုင်စွမ်းရှိပြီး သန်မာတယ်

(Completed) Reborn as a good childWhere stories live. Discover now