Chapter《211》

4.8K 880 10
                                    

Unicode

အခန်း(၂၁၁) - နင်လူရော ဟုတ်ရဲ့လား?

"အဖေ" ယန်ဟွေက စကားပြန်သည်။

"ဒါကို ကျွန်တော်တို့ ဘယ်လို ဖြေရှင်းကြမလဲ?"

ယန်ချုံးက စိတ်ပူပန်စွာဖြင့် အခန်းထဲမှာ ပတ်လျှောက်နေသည်။ ထို့နောက် အံကို တင်းတင်းကြိတ်လိုက်ပြီး မျက်နှာကြက်အား စိုက်ကြည့်နေပြန်သည်။

"အဲ့ဒီကလပ်" နောက်ဆုံးတော့ စကားစလာသည်။

"လည်ပတ်နေတုန်းပဲလား?"

"ကျွန်တော် flash drive မှာပါတဲ့အတိုင်း နောက်ကလိုက်ကြည့်ခဲ့တယ်" ယန်ဟွေက ပြန်ဖြေသည်။

"ကျွန်တော့်ရဲ့ စုံစမ်းစစ်ဆေးမှု အရတော့ နှစ်သစ်ကူးပွဲတွေ မကျင်းပခင်မှာတုန်းက သူတို့တွေ 'ကုန်ပစ္စည်း' တွေကိုရယူဖို့ ကြိုးစားတဲ့အချိန် အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ တွေ့ရှိရတယ်။ပထမတော့ အဲ့ဒါက ဒီအတိုင်း တိုက်ဆိုက်တာလို့ ထင်ခဲ့ပေမယ့် သူတို့ရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖြတ်တောက်ခံလိုက်ရတဲ့အထိ  ပြဿနာဖြစ်တာတွေ များလာတော့ တစ်စုံတစ်ယောက်က သူတို့နောက် လိုက်နေတာကို သတိပြုမိသွားပြီး ခပ်လျှိုလျှို နေလိုက်ကြတယ် အဲံဒီတုန်းကတည်းက 'ပစ္စည်းတွေ' ထပ်ပြီး ရဖို့ မစွန့်စားကြသေးဘူး။ လောလောဆယ်တော့ ငြိမ်နေတယ်ကြတယ်"

(ကုန်ပစ္စည်း = လူ)

"နှစ်သစ်ကူးပွဲတွေ မကျင်းပခင်?" ယန်ချုံးက ပြန်မေးလာသည်။

"ဟုတ်ပါတယ်" ယန်ဟွေက ခေါင်းညိတ်ပြသည်။

"အဲ့ဒါက ရန်ရဲ့ စေ့စပ်ပွဲ ပါတီပြီးတော့ သိပ်မကြာဘူး။ ကျွန်တော်ထင်တာတော့ ကျင်းယွမ်က ဖြစ်နိုင်ချေရှိတဲ့ သားကောင်တွေကို ကယ်တင်ဖို့ သူတို့ရဲ့ လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်ခဲ့တာလို့ သံသယဖြစ်မိတယ်"

"မင်းထင်တာ မမှားဘူး" ယန်ချုံးက လက်ခံသည်။

"အဲဒီတုန်းက ဖြစ်ခဲ့တာ ဆိုရင် သူကလွဲလို့ တစ်ခြားသူ မရှိဘူး။ ယန်မြောင်က ပါတီပွဲမှာ ရိဟန်ကို စော်ကားခဲ့တာမို့လို့ ဖြစ်လိမ့်မယ်။ ကျင်းယွမ်က ဒေါသအရမ်း ထွက်သွားတော့ ယန်မြောင်ကို သင်ခန်းစာ တစ်ခု ပေးချင်ခဲ့တာ။ အဲ့ဒီလူရဲ့ အကျင့်တွေထဲက တစ်ခုက လှုပ်ရှားမှု မလုပ်ခင်မှာ ပစ်မှတ်အကြောင်း နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးတာပဲ။ ဒီကိစ္စကို သူသိလိုက်တဲ့အချိန်မှာ လူသိရှင်ကြား ထုတ်မပြခဲ့တာပဲ။ သူက ယန်မိသားစုရဲ့ မျက်နာကို ထောက်တဲ့အနေနဲ့ လျှို့ဝှက်ထားပေးခဲ့တာ။ ဒါပေမဲ့ အဲ့ဒီအကြောင်းကို သိလိုက်ရတော့ ဒီအတိုင်း မျက်စိမှိတ်ပြီး မနေနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်လည်း အဲ့ဒီလူတွေကို တိတ်တဆိတ် ကယ်တင်ခဲ့တာပဲ။ အစတုန်းကသူဘာလို့ ဒါကို ကိုယ်တိုင် မသုံးလိုက်တာလဲလို့ တွေးမိသေးတယ်။ အခုပြန်စဉ်းစားကြည့တော့ အကယ်၍ သူသာ လှုပ်ရှားလိုက်မယ်ဆိုရင် မင်းအဒေါ်- မဟုတ်ဘူး ယန်မြောင်က သေချာပေါက် ထောင်ကျလိမ့်မယ်"

(Completed) Reborn as a good childWhere stories live. Discover now