Chapter《159》

6.9K 1.1K 17
                                    

Unicode

အခန်း(၁၅၉) - သူ့ကို ကယ်ကြရအောင်

လက်ထဲမှာ စာအုပ်ကို ကိုင်ထားရင်းဖြင့်ပင် အတားအဆီးတစ်ခုဘေးမှာ ချပေးထားသည့် ခုံတန်းလျား တစ်ခုပေါ် ဝင်ထိုင်လိုက်သည်။ ရုတ်တရက် ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာရ၏။

လူသားတွေက ဘဝရဲ့ အလှည့်အပြောင်းတွေမှာ တကယ့်ကို ကူကယ်ရာမဲ့ကြရတာပဲ။ အဆင့်အတန်းတွေ ဘယ်လောက်မြင့်မြင့် ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာနေပါစေ သေသွားတဲ့လူကို အသက်ရှင်အောင် မလုပ်နိုင်ဘူးလေ။ ရိဟန်ရဲ့ အရင်ဘဝက ကျင်းယွမ်လိုပေါ့။

သူအထီးကျန်နေလား နာကျင်နေလားဆိုတာက အရေးမကြီးဘူး။ သူစုဆောင်းထားတဲ့ ငွေကြေးနဲ့ စွမ်းအားတွေက ဘယ်လောက်ပဲ များပြားနေပါစေ ကျင်းယွမ်ကတော့ သေဆုံးသွားပြီဖြစ်တဲ့ ရိဟန်နဲ့ ဘယ်တော့မှ ဆုံစည်းနိုင်မှာ မဟုတ်တော့ဘူးလေ။ အကယ်၍ ရိဟန်သာ မသေခဲ့ရင် – သူကျိုးကန်းပြီး စုတ်ပြတ်သတ်နေသေးရင်တောင် သူသာ အသက်ရှင်နေသ၍ – ကျင်းယွမ်တစ်ယောက် ပိုပြီးများ သက်သာရာရနိုင်မလား? ဒါပေမဲ့ သူသေသွားခဲ့တာပဲ။ ဘယ်အရာကမှ ပြောင်းလဲလို့ မရဘူး။

ရွှီးယိုရန်က ရိဟန်လို မဟုတ်ဘူး။ အနည်းဆုံးတော့ သူ့မှာက ငိုကြွေးမြည်တမ်းပေးမယ့်သူတွေ အများကြီး ရှိခဲ့တာ။ ရိဟန်ကရော? သူကတော့ ဈာပနာလည်းမရှိ သူ့ကို လိုက်ပို့ပေးမယ့် မိသားစုလည်း မရှိခဲ့ဘူးလေ။ အမြဲတမ်း တစ်ယောက်တည်းပဲ ဖြစ်ခဲ့ပြီး သင့်တင့်တဲ့ မြှုပ်နှံခြင်းမျိုးတောင် မတတ်နိုင်ခဲ့ဘူး။သူ့ကို ဘယ်နေရာမှာ သင်္ဂြိုဟ်တယ်ဆိုတာတောင် ဘယ်သူမှ သိနိုင်မှာ မဟုတ်တဲ့ဟာ။ သဘာဝကျကျပဲပေါ့ ဘယ်သူကမှလည်း သူ့အတွက် ဆုတောင်းပေးတာ ပူဇော်ပေးတာမျိုး လုပ်ပေးခဲ့ကြမှာ မဟုတ်ဘူးပဲ။ ဟား.....ဖြစ်နိုင်မယ်ဆိုရင် သူမသေခဲ့သင့်ဘူး။

ချန်ထျန်းယောင်နဲ့ အဖြစ်အပျက်ကနေတစ်ဆင့် သူသိလိုက်တာက ရိဟန်လည်း သူ့ကံကြမ္မာ၊ သူ့ကံတရားကို ပြောင်းလဲလို့ ရနိုင်တယ် ဆိုတာကိုပဲ။ အကယ်၍ သူသာ ရွှီးယိုရန်ကို လက်ကမ်းပေးလိုက်ရင် သူသေဖို့ မလိုတာလည်း ဖြစ်နိုင်တာပဲ.....

(Completed) Reborn as a good childWhere stories live. Discover now