Chapter《124》

9.9K 1.5K 9
                                    

Unicode

အခန်း(၁၂၄) - သူရောက်လာတယ်, ငါအရူး မဟုတ်ဘူး

ကျင်းယွမ်က ရိဟန်ကို လှမ်းဖမ်းကာ ကလိထိုးပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

"ဟန်ဟန်, ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်တော့ပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး ကိုယ့်ကိုယုံကြည်ပေးပါ, မင်းနဲ့ကိုယ်က တစ်ယောက်တည်းပဲ, အခုချိန်ကစပြီး မင်းကိုစိတ်ရှုပ်စေတဲ့ အရာအားလုံးကို ပြောပြပေး, ခေါင်းနှစ်လုံးဆို တစ်လုံးထက်တော့ ပိုကောင်းတာပဲလေ, အကယ်၍ ပြဿနာတစ်ခုခု ရှိနေတဲ့ အခါမျိုးဆိုရင် ကိုယ့်ဆီလာခဲ့, ကိုယ်တို့ဆွေးနွေးလို့ရတယ်, အဲ့ဒါက မင်းပုခုံးပေါ်က ဝန်ထုပ်ကို နည်းနည်းတော့ ပေါ့သွားစေမှာပေါ့, ဟန်ဟန်, ကိုယ့်ကို မင်းကမ္ဘာထဲကနေ တွန်းမထုတ်ပါနဲ့, ကိုယ်စိတ်မကောင်း ဖြစ်ရလိမ့်မယ်"

ရိဟန်က ခေါင်းညိတ်ပြပြီး လေးလေးနက်နက်ဖြင့် 'အင်း' ဟုပြန်ဖြေသည်။ သူ့စိတ်ထဲမှာတော့...

အဲ့ဒီကိစ္စကလွဲရင် ငါမင်းကို တစ်ခြားဘာမှ လျှို့ဝှက်မထားတော့ဘူး

"ပြီးတော့.." ကျင်းယွမ်က စကားဆက်သည်။

"နောက်တစ်ခါ ကိုယ့်ကိုကိုယ် နာကျင်အောင် မလုပ်တော့ပါဘူးလို့ ကိုယ့်ကို ကတိပေး, အကယ်၍ မပျော်ဘူးဆိုရင် ကိုယ့်ကို ရိုက်လို့ရတယ်, ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် နာကျင်အောင်သာ မလုပ်ပါနဲ့, အကယ်၍ ဒါသာ နောက်တစ်ခေါက် ထပ်ဖြစ်ရင် ကိုယ်မင်းကို စကားနဲ့မပြောတော့ဘူး တစ်ပ-မဟုတ်ဘူး, သုံးရက်"

ရိဟန်က နောက်တစ်ကြိမ်ခေါင်းညိတ်ပြပြီး ခဏလောက် ရပ်တန့် စဉ်းစားလိုက်ပြီးနောက် ထပ်ပြောသည်။

"ငါမင်းကို ရိုက်မှာမဟုတ်ဘူး"

ကျင်းယွမ်က အငယ်လေးရဲ့ ခေါင်းထိပ်လေးကို ဖွဖွနမ်းလိုက်သည်။

"လိမ်မာတဲ့ကောင်လေးပဲ" သူက ကျေနပ်အားရစွာပြောသည်။

"ဟန်ဟန်, မင်းနားမလည်လောက်ပေမယ့် ကိုယ်ကတော့ မင်းကို တစ်နည်းနည်းနဲ့ ထိခိုက်နာကျင်စေမယ့်အစား ကိုယ့်ကိုရိုက်တာက ပိုတောင်ကောင်းဦးမယ်, မင်းဆီကနေ သွေးတစ်စက်တောင် မထွက်စေချင်ဘူး"

(Completed) Reborn as a good childWhere stories live. Discover now