Chapter《69 and 70》

16K 2.3K 121
                                    

Unicode

အခန်း(၆၉) - ယူဆချက်

"သာမာန်လူတစ်ယောက်က ဒီလောက်ယုတ်မာတဲ့ အကြံအစည်မျိုးကို ကြံစည်မှာမဟုတ်ဘူး, ဆိုးယုတ်တဲ့ စိတ်ကသာ ဒီလောက်လွန်ကဲတဲ့ အရာမျိုးကို လုပ်မှာ" ကျင်းယွမ်ကပြောသည်။

"ချမ်းသာ၊တန်ခိုးကြီးပြီး အကြံအစည်များတဲ့အပြင် ပိုင်မိသားစုကို အငြိုးထားနေတယ်....အဲ့ဒါတွေအားလုံးနဲ့ ကိုက်ညီတဲ့သူက အများကြီးမရှိဘူး"

ချက်ချင်းလိုလိုပင် ဖုရဲန်၊ယန်နှင့်ရွှယ်ချင်းတို့က တစ်ပြိုင်နက်တည်း ထပြောလာသည်။

"ချီမိသားစု" 

သုံးယောက်သား တစ်ယောက်နဲ့တစ်ယောက် ကြည့်မိကြပြီး သူ့တို့မျက်နှာက အိုးတစ်လုံးလိုမျိုး မဲမှောင်နေသည်။

"ချီမိသားစု?" ကျင်းယွမ်ကပြန်မေးသည်။

"မင်းအဲ့ဒါကို မသိတာဖြစ်မယ်" ယန်ကပြောလာသည်။

"လက်ရှိ ချီမိသားစုရဲ့ ခေါင်းဆောင်က ချီမင်းယောင်, သူ့အဖေ ချီခွင်းက အဖေနဲ့ မျိုးဆက်တစ်ခုတည်းပဲ, သူတို့တွေ ငယ်စဉ်တုန်းက ပြိုင်ဘက်တွေလေ, ပြင်းထန်တဲ့ ပြိုင်ဆိုင်သူတွေပေါ့, ဘယ်သူကမှ ခိုင်မာတဲ့ အသာစီးကို မရခဲ့ကြဘူး, သူတို့အသက် သုံးဆယ် လေးဆယ်အရွယ်ကို ရောက်တဲ့အထိပဲ..... နောက်တော့ အဖေက အသက်အရွယ်ရလာပြီး စိတ်ပျော့သွားတာမို့လို့ ချီခွင်းနဲ့ တိုက်ခိုက်တာကို ရပ်ပစ်လိုက်တယ်, အဲ့ဒါက တစ်ခြားတစ်ဖက်ကို အဖေကသူ့ကို ကြောက်သွားတယ်လို့ ထင်သွားစေတယ်လေ, သူက မာနထောင်လွှားလာခဲ့ရော, အဲ့ဒါက သူ့ကိုယ်သူ အဖေထက် ပိုပြီးသန်မာအားကောင်းတယ်လို့ ထင်သွားစေတယ်"

"နောက်ပိုင်းမှာ လွန်ခဲ့တဲ့ ခုနှစ်နှစ် ရှစ်နှစ်လောက်က စီးပွားရေး အကျပ်အတည်းတစ်ခုဖြစ်တဲ့အချိန် အဖေက နောက်မဆုတ်ခဲ့ပဲ သူ့မှာရှိသမျှ အရာအားလုံးကို ကုမ္ဗဏီအတွက် ပုံအောပစ်ခဲ့တယ်, ချီခွင်းကတော့ ရှုံးနိမ့်ခဲ့တာမို့လို့ ချီအုပ်စုက အတော်လေး ဆုံးရှုံးမှုကို ကြုံခဲ့ရတာ"

"အဲ့ဒီလူက အရည်အချင်းရှိပေမယ့် ဂုဏ်ယူဝံ့ကြွားလွန်းတယ်, အောင်ပွဲကိုပဲ လက်ခံနိုင်တာ.... သူက ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးလူလို့ သူ့ကိုယ်သူ အမြဲထင်နေခဲ့တာလေ, သူ့ဘဝက အများအားဖြင့် သာယာဖြောင့်ဖြူးခဲ့တယ်, နှစ်ပေါင်းများစွာ အဖေကသူ့ကို လစ်လျူရှုခဲ့ခြင်းက သူ့ရဲ့ စောင့်ကြပ်မှုကို လျော့ကျသွားစေခဲ့တာ, အဲ့ဒါကြောင့် သူကတစ်ဖက်လူကို အထင်သေးခဲ့တယ်, အဲ့ဒီဖြစ်သွားတဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံရမှု အဖြစ်မှန်ကို မဖြေရှင်းနိုင်တော့ဘူး, သူ့ခန္တာကိုယ်က နဂိုကတည်းက ပြဿနာတစ်ချို့ ရှိနေခဲ့တာဆိုတော့ ပုံမှန်ဆိုရင် ကိစ္စသိပ်မရှိပေမယ့် သူအရမ်းဒေါသထွက်တဲ့အချိန်မှာတော့ လေဖြတ်သွားတဲ့အထိ ပြင်းထန်သွားခဲ့တယ်"

(Completed) Reborn as a good childWhere stories live. Discover now