Chapter《109》

11.3K 1.7K 30
                                    

Unicode

အခန်း(၁၀၉) - လမ်းဘေးလူမိုက်

"အဲ့ဒီအချိန်ကတည်းက " ကျင်းယွမ်က စကားဆက်သည်။

"ချင်ဟိုင်ထျန်းက ချင်ဖုန်းအပေါ်မှာ စောင့်ကြပ်ထားတော့တာပဲ, အဆုံးတော့လည်း အဲ့ဒီလူက ကောင်လေးရှေ့မှာတင် သူ့အမေကို သေအောင် လည်ပင်းညှစ်သတ်ခဲ့တာလေ, အဲ့ဒီအချိန်တုန်းက ချင်ဖုန်းက အတော်လေး ရူးသွပ်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်သွားသေးတယ်, ဒါပေမဲ့ နှစ်အနည်းငယ် ကြာပြီးတဲ့အချိန်မှာ ချင်ဖုန်းက တစ်ချိန်လုံး သူ့ကိုယ်သူ ကောင်းအောင်နေလာတယ်, ချင်ဟိုင်ထျန်းလည်း သူ့ရဲ့ စောင့်ကြပ်မှုကို ဖြေလျော့ပေးလိုက်တယ်, ကြည့်ရတာ ဒီကောင်လေးက သူ့သားပဲလေလို့ တွေးတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့, သူတို့က သွေးနဲ့ ဆက်နွယ်နေကြတာပဲဆိုတော့, ချင်ဖုန်းတိတ်ဆိတ်သွားတာက သူ့ကို မမုန်းတော့လို့ မဟုတ်ပဲ နှိမ်နင်းချင်တာကြောင့် ဆိုတာကို သူမသိခဲ့ဘူး, ချင်ဖုန်းက Hidden Dragon ရဲ့ အတွင်းရော အပြင်ကိုပါ နားလည်နိုင်ဖို့ ခုနှစ်နှစ်ထိ ဖြည်းဖြည်းချင်း အချိန်ယူခဲ့တယ်, နောက်ကျတော့ ချင်ဟိုင်ထျန်းကို ခါးပတ်တစ်ခုတည်းနဲ့ ရိုက်ချနိုင်သွားရော"

"ချင်ဟိုင်ထျန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ အဲ့ဒီလူမိုက်တွေက ဘယ်အရာမဆို ဘာကိုမဆို လုပ်နိုင်ကြတယ် အဲ့ဒါကြောင့် တစ်စုံတစ်ယောက်ကို လွန်လွန်ကဲကဲ စော်ကားခဲ့မိပြီး အပေါ်က တစ်စုံတစ်ယောက်ကို ဆန့်ကျင်မိသွားရော, ချင်ဖုန်းက တာဝန်ရှိသူတွေ ဘာမှမလုပ်နိုင်ခင်မှာ စတင်ခဲ့တာ, Hidden Dragonကို ချင်ဖုန်း ယူပြီးနောက်ပိုင်း တော်လှန်မှုကြီးကို စတင်ခဲ့တယ်, အဲ့ဒီအချိန်ကစပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သတ်မှု မရှိကြောင်းပါ ငြင်းဆိုခဲ့တာ, အဲ့ဒါတွေအားလုံးက အရမ်းကို စည်းစနစ်တကျနဲ့ တည်ဆောက်နိုင်ခဲ့တာမို့လို့ အထက်ပိုင်းတွေအားလုံး သဘောကျကြပြီး သူ့ကို မနှောင့်ယှက်တော့ဘူးဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တယ်လေ, လက်ရှိမှာတော့ အတော်လေးကို ဟန်ချက်ညီနေတယ်"

"နားလည်ပြီ" ရိဟန်က ခေါင်းညိတ်သည်။

"အလင်းနဲ့ အမှောင်က အတူတကွ တည်ရှိနေတာ, ကမ္ဘာကြီးက လုံးဝပြီးပြည့်စုံအောင် ကောင်းမနေနိုင်ဘူး, အကယ်၍ မြစ်က အရမ်းကြည်နေမယ်ဆိုရင် ငါးမရှိနိုင်ဘူး"

(Completed) Reborn as a good childWhere stories live. Discover now