Chapter《142》

8.1K 1.3K 38
                                    

Unicode

အခန်း(၁၄၂) - မင်းရဲ့ အနစ်နာခံမှုကို မလိုချင်ဘူး။

ဒီနေ့က ဒေါက်တာကျိုးတစ်ယောက် ရိဟန်ဆီကို လာပြီး စစ်ဆေးပေးသည့် နောက်ထပ် ဗုဒ္ဓဟူးနေ့ဖြစ်သည်။ နှစ်ယောက်သားက ရိဟန်ရဲ့ အခန်းထဲမှာပဲ သူတို့ဘာသာ နာရီပိုင်းလောက် စကားထိုင်ပြောနေကြသည်။ ကုထုံးဆရာဝန်နဲ့ စကားပြောခြင်းက ရိဟန်ကို အလွန်အမင်း စိတ်အပန်းပြေစေသည်။ အဲ့ဒါအား မနေမ့ညက 'ပြင်းထန်တဲ့ လေ့ကျင့်ခန်း' နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရိဟန်က စကားပြောနေရင်း အိပ်ပျော်သွားခြင်းကို တောင့်မခံနိုင်တော့ပေ။

ဒေါက်တာကျိုးအခန်းထဲက ထွက်သွားသောအခါ သူက တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး အပြင်ဘက်မှာ စောင့်နေသည့်လူအား ပြောလိုက်သည်။

"သူအိပ်ပျော်သွားပြီ"

ကျင်းယွမ်က အခန်းထဲကို ခေါင်းပြူကာ ကြည့်လိုက်ပြီး သူ့ချစ်သူကို စစ်ဆေးလိုက်သည်။ လူငယ်လေးကတော့ ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်နေကာ စောင်ပါးလေး တစ်ထည့် ခြုံထားလေသည်။ သူအိပ်ပျော်သွားမှန်းသိတုန်းက ဒေါက်တာကျိုး ခြုံပေးထားခြင်း ဖြစ်လိမ့်မည်။ လည်ပင်းခေါက်နေရင် ရိဟန်နိုးလာမှာကို စိုးရိမ်တာကြောင့် ကျင်းယွမ်က အခန်းထဲ ဝင်လိုက်ပြီး အိပ်ပျော်နေတဲ့လူအား သူ့လက်မောင်းများကြားထဲ ပွေ့ချီလိုက်ကာ အိပ်ယာပေါ် တင်ပေးလိုက်သည်။ ကျင်းယွမ်က သူ့ကို စောင်လေးပါ ခြုံပေးလိုက်ပြီး အခန်းထဲက တိတ်တဆိတ် ပြန်ထွက်သွားတော့၏။

ရိဟန်က ထိုအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း မဟုတ်ပေ။ ကျင်းယွမ်သူ့ကို ကုတင်ပေါ် ရွှေ့ပေးတဲ့အချိန်မှာပဲ သူနိုးလာတာဖြစ်သည်။ သို့သော်လည်း အခုလေးတင် နိုးလာတာဖြစ်လို့ မျက်လုံး မဖွင့်ချင်သေးဘူးလေ။ သူက မိနစ်ပိုင်းလောက် မျက်လုံးကို အနားပေးထားလိုက်သည်။ တံခါးပိတ်သံ တိုးတိုးလေးကို ကြားလိုက်ရတဲ့အခါမှသာ ရိဟန်က မျက်လုံးများဖွင့်လိုက်သည်။ ထိုအသံက အရမ်းကို နူးညံ့တိုးတိတ်လွန်းလို့ တစ်စုံတစ်ယောက် အိပ်ပျော်နေမယ်ဆိုရင် လုံးဝ အနှောင့်အယှက် မဖြစ်စေနိုင်ပေ။ ရိဟန်ကတော့ မျက်လုံးလေးများ ကွေးညွတ်နေရင်းဖြင့်ပင် နူးညံ့စွာ တစ်ခစ်ခစ် ရယ်မောမိတော့သည်။

(Completed) Reborn as a good childWhere stories live. Discover now