Chapter《188》

5.8K 1K 25
                                    

Unicode

အခန်း(၁၈၈) - မင်းက အံ့အားသင့်ဖို့ကောင်းတယ်

"ဟုတ်တယ်" ရိဟန်က ခေါင်းညိတ်ထောက်ခံသည်။

"သူနှစ်သက် သဘောအကျရဆုံး အရာတစ်ခုကို နာမည်တပ်ရမယ်ဆိုရင် အဲ့ဒါက သေချာပေါက် cufflinks တွေ ပွဲတက်ဝတ်စုံပြည့်တွေ မဟုတ်လောက်ဘူး။ အဲ့ဒါက မင်းရဲ့ စာအုပ်တွေကိုပဲဖြစ်မှာ။ အကယ်၍ မင်းသာ သူ့အတွက် စာအုပ်တစ်အုပ်လောက် ရေးပေးလိုက်မယ် ဆိုရင်တောင် သူအပျော်လွန်ပြီး သေသွားလိမ့်မယ်"

"ကောင်းပြီလေ" ယိုရန်က ခေါင်းညိတ်သည်။

"ငါသူနဲ့ ထပ်တိုင်ပင်ပြီးမှပဲ ဘာဆက်လုပ်ရမလဲ အကြံဉာဏ် ထုတ်တော့မယ်"

"ဒါပဲလေ" ကျန်းစုက အပြုံးနဲ့ ခေါင်းညိတ်ပြီး ပြန်ပြောသည်။

"လူနှစ်ယောက် တွဲတဲ့အခါမှာ အချင်းချင်း အရာအားလုံးကို ဆွေးနွေးတိုင်ပင်ရတယ်။ မင်းရဲ့ စိုးရိမ်ပူပန်မှုကို ငါအပြည့်အဝ နားလည်ပါတယ်။ အဲ့ဒါက ငါနဲ့ ယန်ဟွေအိမ်ထောင်ရေးလိုပဲ။ အပြင်လူတွေအတွက်ကတော့ ငါက ဖီးနစ်ဖြစ်လာတဲ့ စာငှက်တစ်ကောင်ပဲလေ။ ဒီဆိုင်လေးက ဝါသနာအရ ဖွင့်ထားတာ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ တကယ်တော့ အဲ့ဒါက လုံးဝ ဆန့်ကျင်ဘက်ပဲ။ ဒီစာအုပ်ဆိုင်လေးကို လည်ပတ်ဖို့ ကိစ္စမှာ သူနဲ့မတွေ့ခင်တုန်းကထက်တောင် ငါအရမ်းကို လေးနက်ခဲ့တယ်။ငါတို့စိတ်တွေက အဲ့ဒီလောက် ခြားနားမှု မရှိပါဘူး ဒါပေမဲ့ အရာအားလုံးမှာ ကန့်သတ်ချက်ဆိုတာတော့ ရှိတယ်။ မင်းမှာ အခုရှိနေတဲ့ အရာတွေက လုံလောက်နေပါပြီ။ မင်းကိုယ်မင်း အရမ်းကြီး ဖိအားထည့်ထားစရာ မလိုဘူး။ အဲ့ဒီလိုလုပ်ရင် ယန်ရန်လည်း ပျော်မှာ မဟုတ်ဘူးလေ"

ယိုရန်က လေးလေးနက်နက် ခေါင်းညိတ်ပြသည်။ သူက အခါးရည် တစ်ငုံသောက်လိုက်ပြီး ပြောလာ၏။

"ရန်နဲ့ အတူတူ ရှိပြီးနောက်ပိုင်းမှ အချစ်ဆိုတာ ဘာလဲသိခဲ့တာ။ ငါတို့ နေ့တိုင်း တွေ့ကြတယ် အတူတူ ထမင်းစားကြတယ်။ အတူတူအိပ်ကြတယ်။ မနက်ခင်း နိုးလာရင်လည်း သူက ငါ့ဘေးမှာ အမြဲ ရှိနေတာ" သူက ခပ်လွင်လွင်လေး ရယ်ရင်း စကားဆက်သည်။

(Completed) Reborn as a good childWhere stories live. Discover now