Chapter《209》

5.6K 936 33
                                    

Unicode

အခန်း(၂၀၉) - ထူးဆန်းတာ ဘာမှ ထပ်မထည့်နဲ့

"အင်း" ပိုင်ရိဟန်က ချန်ဟုန်ကို တုံ့ပြန်သည်။ "အထဲမှာ တစ်ယောက်ယောက်ရှိလား?"

"မရိပါဘူး" ချန်ဟုန်က ခေါင်းယမ်းကာ ပြန်ဖြေသည်။ "

ဒါပေမယ့်၊ Mr မုက အခုလေးတင် စိတ်မကောင်းဖြစ်နေပုံပဲ။"

"စိတ်မကောင်းဖြစ်တယ်? ဘယ်သူက သူ့ကို စိတ်မကောင်းဖြစ်အောင် လုပ်တာလဲ?" ရိဟန်က အံ့သြတကြီးဖြင့် သိချင်သွားမိပြီး တံခါးကို တွန်းဖွင့်ဝင်သွားလိုက်လေသည်။

အပြင်ဘက်မှာတော့ ချန်ဟုန်က ပိတ်သွားတဲ့ တံခါးကို ကြည့်ရင်း ရေရွတ်သည်။

"ဘယ်သူက သူ့ကို စိတ်မကောင်းဖြစ်အောင် လုပ်မှာလဲ။ မင်းထွက်သွားတာနဲ့ သူ့မျက်နှာက မည်းမှောင်သွားတဲ့ဟာ"

ချန်ဟုန်ရဲ့ ရေရွတ်သံကို မကြားလိုက်ရတဲ့ ရိဟန်ကတော့ အထဲကို အော်ခေါ်ရင်း ဆက်ဝင်သွား၏။

"Mr မု? ငါပြန်လာပြီ!"

မုကျင်းယွမ်က တံခါးဖွင့်သံကြားတာနဲ့ ချက်ချင်းကြည့်လိုက်သည်။ တံခါးဆီမှ လျှောက်လာသူသည် နောက်ဆုံးတော့ ချန်ဟုတ်မဟုတ်တော့တာကို တွေ့လိုက်ရတောကြောင့် သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု လျင်မြန်စွာ ပေါ်လာတော့သည်။

"ပြန်လာပြီလား" ကျင်းယွမ်က နွေးနွေးထွေးထွေး နှုတ်ဆက်သည်။

"ပင်ပန်းနေရောပေါ့။ အပြင်မှာ အေးခဲနေတာပဲ၊ ချမ်းနေလား?"

ရိဟန်က အနားကို လျှောက်လာပြီး စားပွဲအား မှီလိုက်သည်။ သူက သူ့လက်လေးများကို ကျင်းယွမ်ရဲ့ ပါးပေါ်တင်လိုက်ပြီး တစ်ဖက်လူရဲ့ ခေါင်းအား ကိုင်ကာ သူ့မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။

"ငါအပြင်မှာ အကြာကြီး မနေပါဘူး တစ်ချိန်လုံး ကားမောင်းနေတာ" ရိဟန်က ပြန်ပြောလာသည်။

"အထဲမှာလဲ လေပူပေးစက် ရှီတယ်လေ။ ကားအောက်ဆင်းတော့လည်း တံခါးထဲကို ချက်ချင်းဝင်ရတာပဲဟာ ဘယ်လိုဖြစ်လို့ အေးမှာလဲ? ချန်ဟုန်ပြောတာတော့ မင်း စိတ်မကောင်းဖြစ်နေတယ်ဆို။ ဘာဖြစ်လို့လဲ? ဘယ်သူလုပ်တာလဲ? ငါ့ကိုပြော ငါသွားရိုက်ပေးမယ်!"

(Completed) Reborn as a good childWhere stories live. Discover now