Chapter《173》

6K 1.1K 15
                                    

Unicode

အခန်း(၁၇၃) - ဖိတ်စာ

"ငါတော့ အိမ်တက်ပွဲကို နှစ်ခေါက်လုပ်တာ တစ်ခါမှ မကြားဖူးပါဘူး" ရိဟန်က ခပ်ပြုံးပြုံးလေးဖြင့်သာ ပြောလာ၏။

"မနက်ဖြန်က အိမ်တက်ပွဲ ညစာ မဟုတ်ဘူးလေ" ယန်ရန်က ပြန်ပြောသည်။

"အဲ့ဒါက ဒီအတိုင်း သူငယ်ချင်းတွေ တွေ့ဆုံပွဲပဲ, ဟုတ်ပြီလား? ငါတို့ဖေးဖေးကိုပါ လာခိုင်းလို့ရတယ်, အကယ်၍ သူမသာ ငါတို့နန့်ရှန်နဲ့ တွေ့ပြီးညစာပါ စားခဲ့ရဲ့သားနဲ့ သူမကို မဖိတ်ဘူးဆိုရင် ဝုန်းဒိုင်းကြဲလိမ့်မယ် အဲ့ဒါဆို ငြိမ်းချမ်းမှုဆိုတာ ဘာမှန်းတောင် သိမှာမဟုတ်တော့ဘူး"

ရိဟန်က ခေါင်းလေးစောင်းကာ စဉ်းစားလိုက်သည်။

"အမှန်ပဲ, အကယ်၍ ဖေးဖေးသာ ငါတို့မှာ ကြီးကျယ်ခန်းနားတဲ့ ပွဲတစ်ခု ရှိခဲ့တာကို သူမကို မဖိတ်ခဲ့ဘူးဆိုတာ သိသွားရင် သေချာပေါက် ဒေါသပေါက်ကွဲလိမ့်မယ်"

နှစ်ယောက်သား တစ်ပြိုင်နက်တည်း ယိုရန်အား လှည့်ကြည့်ကြသည်။ မျက်လုံးလေးလုံးက တစ်လက်လက် တောက်ပနေရင်းဖြင့် တစ်ချိန်တည်းမှာ တစ်ညီတစ်ညာတည်း ပြောလာကြ၏။

"နန့်ရှန်, မနက်ဖြန်ည အလုပ်ရှုပ်မှာလား? ငါတို့ ကျန်တာတွေကို အတူတူ အပြီးသတ်ကြရင် ဘယ်လိုလဲ?"

ယိုရန်သည် ထိုနှစ်ယောက်ရဲ့ အတွဲညီမှုကြောင့် ဆွံအသွားရှာသည်။ သို့တိုင်အောင် သူအခု ခံစားနေရတဲ့ နွေးထွေးမှုကို အနည်းငယ် မျှော်လင့်တောင့်တနေမိတယ် ဆိုတဲ့ အဖြစ်မှန်ကိုတော့ မငြင်းဆန်နိုင်ပေ။ တွေးပင်မတွေးတော့ပဲ ယိုရန်က ခေါင်းညိတ်ပြလာတော့၏။

"ဒါဆို အတည်ဖြစ်သွားပြီ!" ရိဟန်က ဝမ်းသာအားရ ထအော်သည်။

"မနက်ဖြန်ကျရင် ကျင်းယွမ်နဲ့ ငါနဲ့ ဒီအချိန်ပဲ လာခဲ့မယ်, ယန်ရန် မင်းက ဖေးဖေးကို ခေါ်ဖို့ တာဝန်ယူလိုက်, ကျန်တဲ့ငါတို့က စားဖို့တာဝန်ယူတယ်!"

ပျော်ရွှင်အူမြူးနေသည့် ရိဟန်၏ အသွင်အပြင်လေးကြောင့် ကျင်းယွမ်သည်လည်း သူ့ချစ်သူနဲ့အတူ လိုက်ပါ ပျော်ရွှင်သွားမိတော့၏။

(Completed) Reborn as a good childWhere stories live. Discover now