Chapter《136》

9.3K 1.4K 96
                                    

Unicode

အခန်း(၁၃၆) - ကျွန်တော့ကို လိုက်ပို့ပေးတာလား?

"ကောင်းပြီ" လုဖုန်းယွီက အလျင်စလို တုန့်ပြန်သည်.

"ကျွန်တော် အကို့ အိတ်တွေကူဆွဲပေးမယ်လေ ကျောင်းကော"

"ရပါတယ်" ကျောင်းကောက ယဉ်ကျေးသည့် အပြုံးလေးဖြင့်သာ တုန့်ပြန်သည်။

"ကျေးဇူးပါပဲ"

ပထမတော့ ဖုန်းယွီက အငြင်းခံရမှုကြောင့် အတော်လေးစိတ်ပျက်သွားသည်။ သို့သော်လည်း မကြာခင်မှာပင် ကျောင်းဟွာနောက်မှ နီးနီးကပ်ကပ် လိုက်ရန် သူ့အထုပ်များကို သယ်ပိုးလိုက်တော့၏။

ကျောင်းဟွာက အစတုန်းကတော့ ခုံတန်းလျား အဆုံးမှာ ထိုင်ချင်ပေမယ့်လည်း ရိဟန်ဆီက အနည်းငယ် တွန်းအားလေးက သူ့အား အလယ်နေရာသို့ ရောက်သွားစေသည်။ ရိဟန်က သူ့ဘယ်ဘက်မှာ ဝင်ထိုင်လေသည်။ ကျင်းယွမ်ကတော့ ရိဟန်ရဲ့ တစ်ဖက်ကို ရောက်လာသည်။ ဖုန်းယွီက ရိဟန်အား ကျေးဇူးတင်ဟန် တစ်ချက်ကြည့်လိုက်ပြီး ကျောင်းဟွာဘေးမှာထိုင်ရန် အနားပြေးလာသည်။ သူက ကျောင်းဟွာနဲ့ နီးနီးကပ်ကပ် ထိုင်ရတာကြောင့် အတော်လေး စိတ်လှုပ်ရှားနေမိတာပင်။

ကျောင်းဟွာက သူ့ကိုယ်ပေါ်မှာ ကိုယ်ပိုင်အပူပေးစက်တို့ မီးဖိုတို့ကိုများ ယူလာတာလားပဲ, သူနဲ့အနီးဆုံးမှာ ရှိနေတဲ့ ပါးပြင်တွေတောင် နီမြန်းတက်လာရပြီ

"ကျောင်းကော" ရိဟန်ကထမေးသည်။

"ဟိုဘက်မှာ နေရာထိုင်ခင်းအတွက်က အားလုံးအခြေကျသွားပြီလား?"

ကျောင်းဟွာက အားရပါးရ ရယ်မောမိတော့သည်။

"ရိဟန် မင်းငါ့ကို အဲ့ဒီအကြောင်းမေးတာ အကြိမ်ကြိမ် ဖြစ်နေပြီ, ကုမ္မဏီက ငါ့အတွက် အိပ်ခန်းတစ်ခန်း စီစဉ်ပေးထားပါတယ်, ငါအဲ့ဒီမှာ ခဏနေလို့ရတယ်, စာရွက်စာတမ်းကိစ္စတွေအားလုံး ပြီးသွားလို့ ကိစ္စတွေ တည်ငြိမ်သွားတာနဲ့ ပုံမှန်နေဖို့နေရာ ရှာလိုက်မယ်"

"ကျွန်တော် ပိုက်ဆံတွေ အကုန်လုံး အကို့ကတ်ထဲ ထည့်ပေးထားလိုက်ပြီ" ရိဟန်က ပြန်ပြောသည်။

(Completed) Reborn as a good childWhere stories live. Discover now