Chapter《189》

5.9K 988 20
                                    

Unicode

အခန်း(၁၈၉) - ငါ့ညီလေးကို မင်းလက်အပ်လိုက်ပြီ

ရိဟန်နဲ့ ကျင်းယွမ်တို့ ရောက်တဲ့အချိန်မှာ cashier က မိန်းကလေးက ပြုံးပြပြီး သူတို့ကို အပေါ်ထပ်ရှိရာ လက်ညှိုးညွှန်ပြသည်။ စာအုပ်ဆိုင်ရဲ့ ဒုတိယထပ်က ကျန်းစုရဲ့ ရုံးခန်း၊ အလုပ်သမားတွေရဲ့ အနားယူခန်း တို့အဖြစ် သတ်မှတ်လို့ရသည်။ သူတို့စုံတွဲ လှေကားထိပ်ဆီ ရောက်ရုံ ရှိသေး ကျန်းစုရဲ့ ရုံးခန်းထဲက ရယ်သံများ ကြားလိုက်ရ၏။

ရိဟန်လည်း လိုက်ရယ်သည်။

"ကြည့်ရတာ အားလုံး အဆင်ပြေနေကြပုံပဲ"

"အင်း" ကျင်းယွမ်က ထောက်ခံသည်။

ရုံးခန်းတံခါးအား ရိဟန် ခေါက်လိုက်တဲ့အချိန် ယန်ဖေးရဲ့ အူမြူးနေသည့် အသံ ထွက်ပေါ်လာသည်။

"ရိဟန်, Mr မု ရောက်လာကြပြီလား! လာကြလေ"

ယန်ဟွေ၊ ကျန်းစု၊ ယန်ရန်နဲ့ ယိုရန်တို့အားလုံး ရောက်နေကြပြီဖြစ်၏။ ယန်ဟွေက ဘေးမှာ ထိုင်နေသည့် သူ့ခင်ပွန်းလေးနောက်သို့ လက်ဆန့်ထုတ်ထားပြီး ခုံတစ်လုံးပေါ်မှာ တစ်လှုပ်လှုပ် ထိုင်နေသည်။ ကျန်းစုရဲ့ မျက်နှာကိုတော့ နွေးထေးတဲ့ အပြုံးတစ်ခု သိမ်းပိုက်ထားသည်ပင်။။ ယိုရန်ရဲ့ နှုတ်ခမ်းပေါ်မှာလည်း ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ခိုတွဲနေ၍ ယန်ရန်ရဲ့ မျက်လုံးများကတော့ တစ်ဖိတ်ဖိတ် တောက်ပနေပြီး ယိုရန်ဘေးမှာ သက်တောင့်သက်သာ ထိုင်နေသည်။

"ကြည့်ရတာ မနေ့ညက အရာအားလုံး အဆင်ပြေကြတယ်ထင်တယ်" ရိဟန်က ပြောရင်းဆိုရင်းဖြင့်ပင် အခန်းထဲ လျှောက်ဝင်လာသည်။

ယန်ဖေးက ရိဟန်ဘေး ဝင်ထိုင်လေသည်။

"ဒါက ကြီးမားတဲ့ အောင်မြင်မှုကြီးပဲလေ, နင်သိလိုက်လား? ငါ့အဒေါ်နဲ့ ဦးလေးတို့အားလုံးက ယိုရန်အပေါ် အရမ်းကောင်းကြတယ်။ ညစာ စားချိန်မှာ အဖိုးက ငါ့ကို အိမ်မှာ တစ်ယောက်တည်းကျန်တဲ့ single လေးလို့တောင် ပြောနေတာ "

"ဒါက ငါတို့ ထင်ထားတာထက် အများကြီး ပိုကောင်းတာပဲ" ရိဟန်က ပြောသည်။

(Completed) Reborn as a good childWhere stories live. Discover now