Chapter《212》

5.4K 951 36
                                    

Unicode

အခန်း(၂၁၂) - လှုပ်ခတ်မှု

ခုန်းဝန်၏ အော်သံကြောင့် သတိပြန်ဝင်လာတဲ့ ယန်ချုံးက လူနာတင်ယာဉ်အား ကမန်းကတန်း ခေါ်လိုက်ရသည်။ သူတို့ လင်မယားနှစ်ယောက်က လူကြီးမင်းယန်အား နေရာမှ မရွှေ့ရဲကြပေ။ ဆေးမှူးတွေ ရောက်လာတဲ့အထိ ခုန်းဝန်ပေါ်မှာသာ ဆက်ထားထားသည်။ လူကြီးမင်းယန်အား အရေးပေါ်သို့ နောက်တစ်ဖန် ထပ်ပို့လိုက်ရတဲ့ လူနာတင်ယာဉ်ရဲ့ ဥသြဆွဲသံက တစ်မြို့လုံးအား ပဲ့တင်ထပ်သွားစေတော့သည်။

အရေးပေါ်ခွဲစိတ်မှုအပြီး နာရီအနည်းငယ်အကြာမှာ လူကြီးမင်းယန်အား ICU မှာ တင်လိုက်ရသည်။ ယန်ချုံးနဲ့ ခုန်းဝန်တို့က စင်္ကြံအပြင်ဘက်တွင် ထိုင်နေကြကာ သူတို့တစ်ကိုယ်လုံးက ခွန်အားများအားလုံး ကုန်ဆုံးကုန်သလိုပင်။ ယန်မြောင်ကလွဲလို့ ယန်မိသားစုဝင်အားလုံးလည်း ရောက်နေကြလေပြီ။

ပိုင်ရိဟန်နဲ့ မုကျင်းယွမ်တို့ပင် အပြေးအလွှား ရောက်လာကြသည်။ ယောကျာ်းရင့်မာကြီး ဖြစ်သည့် ယန်ချုံးမှာ နောက်ဆုံးတော့ ထိန်းချုပ်မှု လွတ်သွားရှာ၏။ လူတိုင်းရှေ့မှာတင် ထိတ်လန့်နေဆဲဖြစ်သည့် ဇနီးသည်အား တင်းတင်းကြပ်ကြပ် ဖက်ထားကာ ရှိုက်ကြီးတစ်ငင် ငိုကြွေးမိတော့သည်။

ယန်ဖင်းက ယန်မြောင်အား နေအိမ်အကျယ်ချုပ်ချထားရန် သူ့လူများကို စေလွှတ်ခိုင်းစေလိုက်သည်။ သူမအား လူကြီးမင်းယန်ဆီ ထပ်မသွားတော့အောင် တားမြစ်ထားလိုက်ခြင်းပင်။

လူကြီးမင်းယန်က ရက်အနည်းငယ်အကြာမှာ အန္တရာယ်ဘေးမှ ပြန်လည်သက်သာလာခဲ့၏။ နောက်ထပ် တစ်လလောက် ထပ်နေပြီးနောက်မှာတော့ သာမာန်လူနာခန်းသို့ ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့သည်။ ယန်ချုံးက သူ့ဘေးနားတွင်သာ တစ်ချိန်လုံး ရှိနေခဲ့တာ လူအိုကြီးအား သက်တောင့်သက်သာ ဖြစ်စေရန် ကူညီပေးခြင်း၊ သူ့အဖေကို သန့်ရှင်းရေး လုပ်ပေးခြင်းနဲ့ ကျွေးမွေးခြင်းတို့ကို ပြုလုပ်ပေးနေသည်။ မည်သူ့ကိုမှလည်း အကူအညီ မခံခဲ့။ ခုန်းဝန်နဲ့ ယန်ဖင်းတို့သည် ယန်ချုံးက သူမြင်လိုက်ရတဲ့ မြင်ကွင်းအပေါ် ကြောက်လန့်နေပြီး အပြစ်ရှိသလို ခံစားနေရဆဲပဲ ဆိုတာ သိထားကြတာကြောင့် သူနဲ့ တိုက်ခိုက်ဖို့ ကြိုးစားမနေတော့ပေ။

(Completed) Reborn as a good childWhere stories live. Discover now