Chapter《2》

19.8K 2.6K 36
                                    

Unicode

အခန်း(၂) - ချစ်ဖို့ကောင်းတဲ့အမေနဲ့အမ

၁၀နာရီ ကျော်သွားခဲ့ပြီ။

ပိုင်မိသားစုထဲတွင် ပိုင်ရိဟန်၏အဖေ ပိုင်ဖုရဲန်နှင့် အကြီးဆုံး အကိုကြီး ပိုင်ယန်တို့က အစောကြီးကတည်းက ရုံးသွားရန် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်၏။ အမေ ဟွားရှောင်းရန်ကတော့ တိတ်ဆိတ်နေသည့် လှေကားထစ်များကို အကြိမ်ကြိမ်ကြည့်ရင်း စိုးရိမ်ပူပန်မှု ပြည့်နေသည့်ပုံဖြင့် မှတ်ချက်ချသည်။

"ဘာလို့ဟန်ဟန် မဆင်းလာသေးတာပါလိမ့်? တကယ်လို့ သူအိပ်ချင်တယ်ဆိုရင်တောင် နည်းနည်းလောက် စားပြီးမှ ပြန်အိပ်တာမဟုတ်ဘူး, မဟုတ်ရင် ဗိုက်ဆာပြီးတော့ သူ့ခန္တာကိုယ် ဒုက္ခရောက်တော့မှာပဲ"

ရှောင်းရန်က မငယ်တော့သော်လည်း သူမကလှပပြီး ဂုဏ်သိက္ခာရှိသည့်ပုံ ဖြစ်နေဆဲဖြစ်ကာ ရှေးဟောင်း အမျိုးအနွယ်ကြီးတစ်ခု၏ အဖိုးတန်သမီးဆိုသည့် အရှိန်အဝါကလည်း တောက်ပဆဲဖြစ်သည်။

အရပ်မရှည်သော်လည်း လှပသည် -'ကျန်းနန်၏မြူဆိုင်းသောမိုး' ဟူသောစကားနှင့် တွဲဖက်လေ့ရှိသည့် မိန်းကလေးတစ်ယောက်နှင့် ဆင်တူပြီး ကြော့ရှင်းသည်၊ သိမ်မွေ့သည်၊ နူးညံ့ပြီးတရားမျှတမှုရှိသည်။ ဂန္ထဝင်ပန်းချီကားများတွင် တွေ့ရလေ့ရှိသည့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ယောက်နှင့်လည်း တူနေပြန်သေးသည်။

သူမက အသားအရည်ကိုလည်း ကောင်းမွန်စွ ာဂရုစိုက်ထားသောကြောင့် အသက် နှစ်ဆယ်ကျော် ကလေး(၂)ယောက် ရှိနေတဲ့ အမျိုးသမီးတစ်ယောက်နှင့် မတူပဲ အသက်(၃၀)လောက်သာ ရှိသေးသည့် ပုံပေါ်သည်။

ပိုင်မိသားစု၏ အမကြီးတစ်ယောက်ဖြစ်သူ ပိုင်ရွှယ်ချင်းက သူမအား လက်မှဆွဲ၍ အဝေးသို့ခေါ်သွားပြီး နူးညံ့စွာဖြင့် အကြံပေးလေသည်။

"မား....စိတ်ပူမနေပါနဲ့တော့... မောင်လေးကမနေ့က နောက်ကျမှအိပ်တာဆိုတော့ ဒီနေ့နည်းနည်းကြာအောင် အိပ်ချင်တယ်ဆိုတာ ပုံမှန်ပါပဲ.. တကယ်လို့ သမီးတို့တွေ သူ့ကိုသွားနှိုးမယ်ဆိုရင် သူထပ်ပြီးမပျော်ဘူး ဖြစ်သွားလိမ့်မယ်"

(Completed) Reborn as a good childWhere stories live. Discover now