Chapter《118》

9.3K 1.5K 29
                                    

Unicode

အခန်း(၁၁၈) - စမ်းကြည့်လိုက်တာနဲ့ သိလိမ့်မယ်

ကျင်းယွမ်က ထောင်ချီအား လည်ပင်းညှစ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ငါအသက်ရှင်သန်နေတဲ့ ကာလတစ်လျှောက်မှာ ငါ, မုကျင်းယွမ်က ဘယ်တုန်းကမှ မိန်းမတစ်ယောက်ကို  မရိုက်ခဲ့ဖူးဘူး, ထောင်ချီ, မင်းကတော့ တော်တော်လေးကို တစ်ခုခုပဲနော်"

ထောင်ချီ ခံစားရသမျှသည် သူမရဲ့ ရင်ဘက်ထဲက လေများ ဖြည်းညှင်းစွာ ကုန်ဆုံးလာသည်ကိုပင်။ သူမမျက်လုံးရှေ့က ချောမောခန့်ညားသော အမျိုးသားက ကြောက်မက်ဖွယ် နတ်ဆိုးတစ္စေတစ်ကောင်အဖြစ် ပြောင်းလဲသွားရသည်။ ဒီလိုမျိုး သေခြင်းတရား နီးကပ်လာတဲ့ ခံစားချက်မျိုးကို တစ်ခါမှ မခံစားခဲ့ဖူးဘူး။ အမျိုးသားဇာတ်လိုက်က ဒီလောက်ထိ ကြောက်စရာကောင်းမယ် ဆိုတာ သူမ ဘယ်တုန်းကမှ နားမလည်ခဲ့ပေ။ ဒီလူက သူမကို တကယ်သတ်ချင်နေတယ် ဆိုသည်အား သူမစိတ်ထဲမှာ သံသယဖြစ်နေစရာတောင် မလိုအပ်လေဘူး။ 

ဒီလူက လက်ချည်းဗလာနဲ့တောင် သူမရဲ့ လည်ပင်းကို တစ်ဝက်လောက် ချိုးပစ်လိုက်နိုင်တယ်! မဟုတ်ဘူး! သူမက အမျိုးသမီးဇာတ်လိုက်, အဓိကဇာတ်ဆောင်လေ! သူမ ဘယ်လိုလုပ် သေလို့ဖြစ်မှာလဲ?

သူမကို လက်ပြနှုတ်ဆက်နေသည့် သေမင်းကို ခံစားလို့ရနိုင်လာတဲ့အချိန်မှာပဲ မုကျင်းယွမ်က သူ့လက်ကို ဖြည်းညှင်းစွာနဲ့ ဖြေလျော့လိုက်သည်။ သူက အောက်ကိုပုံကျသွားပြီး ချောင်းတစ်ဟွတ်ဟွတ်နဲ့ အသက်ကို အလုအယက် ရှုနေတဲ့ ထောင်ချီအား ငုံ့ကြည့်နေ၏။

"ဒီလောက် အလွယ်တကူနဲ့ သေလို့ရမယ်များ ထင်နေလား?" သူက ပြောလိုက်ပြီး သူ့လေသံက ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။

"သေခြင်းတရားက မင်းအတွက် အလွယ်ကူဆုံးအရာပဲ ဒါပေမဲ့ မင်းရဲ့ လုပ်ရပ်တွေနဲ့ စကားလုံးတွေအတွက် တန်ကြေးဆပ်ရဦးမယ်လေ, မဟုတ်ဘူးလား?လည်ပင်းညှစ်သတ်ခံရတာက မင်းအတွက် သေဖို့လွယ်လွန်းတယ် "

ကျင်းယွမ်ရဲ့ စကားဆုံးတဲ့အချိန်မှာ နောက်ဆုံးတော့ ရိဟန်က ငေးကြောင်ကြောင် ဖြစ်နေရာမှ အသိပြန်ဝင်လာသည်။

(Completed) Reborn as a good childWhere stories live. Discover now