Chapter《191》

5.8K 971 8
                                    

Unicode

အခန်း(၁၉၁) - နန့်ရှန်ရဲ့ စေ့စပ်ပွဲ

ရိဟန်က အအေးဒဏ်ကို အသေကြောက်တဲ့ လူမျိုးဖြစ်သည်။ ဆောင်းရာသီ ရောက်တာနဲ့ တတ်နိုင်ရင် အိမ်ကနေ လုံးဝမခွာပေ။ ကျင်းယွမ်ကလည်း သူ့အကျင့်ကို နားလည်သည်။ ရာသီဥတုက ပိုပြီးအေးလာတာနဲ့ ကျင်းယွမ်က ရိဟန်အား သူနဲ့အတူ ရုံးကိုလိုက်ပြီး အဖော်ပြုပေးခိုင်းတာအား ရပ်တန့်လိုက်သည်။ ဒါပေမဲ့ လူသားအားလုံးက အတူတူပါပဲ။ ဆင်းရဲနွမ်းပါးမှုကနေ ဇိမ်ခံဘဝကို ပြောင်းလဲတာက လွယ်ကူပေမယ့် ဇိမ်ခံဘဝကနေ ဆင်းရဲနွမ်းပါးမှုကို ပြောင်းလဲဖို့တော့ ခက်ခဲတယ်

ကျင်းယွမ်အတွက်က သူ့ရုံးကို သူ့ချစ်သူလိုက်ပါပေးတဲ့အပေါ် အသားကျနေတာကြောင့် အထီးကျန်မှုက အဆပေါင်းများစွာ တိုးမြှင့်သွားတာကိုတော့ မရှောင်နိုင်ရှာဘူး။ ရိဟန်က သူဘယ်လို ခံစားရလဲ ဆိုတာကို မေးတဲ့အချိန်မှာ အဆင်ပြေပါတယ်လို့ပဲ ပြောလိုက်တာ။ ဒါပေမဲ့ သူတစ်ဖက်ကို လှည့်လိုက်တာနဲ့ သူ့လူက သူ့နောက်ကနေ လိုက်မလာတော့ဘူးဆိုတာကို သိလိုက်ရတော့ ကျင်းယွမ်ရဲ့ ရင်ဘက်တစ်ခုလုံး ဗလာဖြစ်သွားသလိုပဲ ခံစားလိုက်ရတယ်။

ကျင်းယွမ်က ရိဟန်တစ်ယောက် သေလောက်အောင် အေးစက်တဲ့ အအေးဒဏ်ကို မျက်နှာခြင်းဆိုင်ရမှာကို စဉ်းစားမိတာနဲ့တင် သူ့ရင်တွေ နာကျင်ရတာ ရိဟန်ကရော ဘယ်လိုများ ဒီလူရဲ့ အထီးကျန်မှုကို မြင်တဲ့အချိန် ရင်မနာပဲ နေမှာလဲ?

ဆောင်းရာသီရဲ့ ပထမဆုံးနေ့ကစပြီး သူတို့ရဲ့ အိမ်အဝင်ဝမှာ မနက်တိုင်း တူညီတဲ့ မြင်ကွင်းကို မြင်တွေ့နိုင်တယ်။

"မသွားနဲ့တော့ အပြင်မှာကအေးတယ်" ကျင်းယွမ်က ပြောသည်။

"ဟင့်အင်း, အိမ်မှာ တစ်ယောက်တည်းနေရတာ အဓိပ္ပါယ်မရှိဘူး။ ငါမင်းနဲ့အတူ လိုက်ပြီးကစားတာကမှ ဟုတ်သေးတယ်" ရိဟန်က ပြန်ပြောသည်။

"အေးခဲနေတာပဲကို, ဆော့စရာလည်း ဘာမှမရှိဘူး" ကျင်းယွမ်က ပြောပြန်သည်။

"ရုံးခန်းထဲမှာဆို အေးမှာမဟုတ်ဘူး ပြီးတော့ တစ်လျှောက်လုံးလည်း ကားပေါ်မှာပဲ ရှိနေမယ့်ဟာကို။ ကားထဲက ထွက်တဲ့အချိန်လေးပဲ အေးမှာ။ အဲ့ဒါက ဘာများအရေးကြီးလို့လဲ?" ရိဟန်က ပြန်ဖြေ၏။

(Completed) Reborn as a good childWhere stories live. Discover now