Chapter《182》

6.2K 1K 35
                                    

Unicode

အခန်း(၁၈၂) - မကြိုဆိုတဲ့ဧည့်သည်

"အမှန်ပဲ" ရိဟန်က ခေါင်းတစ်ဆတ်ဆတ် ညိတ်ကာ ထောက်ခံသည်။

"အဲ့ဒီလို အပြုအမူမျိုးက ရှုံ့ချဖို့ကောင်းတယ်, သူက လိမ်လည်းလိမ်သေး အမြတ်လည်းထုတ်သေး, သူလိုလူမျိုးက ဘာကိုမဆို ဘယ်အရာကိုမဆို လုပ်နိုင်တယ်, အဲ့ဒီလူကို အပြစ်ပေးသင့်တာ"

"မင်းက လုံးဝ မအံ့သြသွားဘူးပဲ" လူကြီးမင်းယန်က စကာဆက်၏။

"မင်းလည်း အဲ့ဒီအကြောင်း သိနေတယ် ဟုတ်တယ်မှတ်လား?"

ရိဟန်က ခြောက်ကပ်ကပ် ရယ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်က အဲ့ဒီလူယုတ်မာရဲ့ အလိမ်အညာကို ခံလိုက်ရတဲ့လူကို သနားမိလို့ပါ, သူက အချစ်ကိုပဲ လိုချင်ခဲ့တဲ့ဟာကို, သူ့ကိုယ်သူ တစ်ခြား 'ယောကျာ်း' တစ်ယောက်အဖြစ် ပြောင်းလဲထားဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး, တကယ်ပဲ ဘယ်သူကများ စတင်ခဲ့တာလဲ?"

"ဟုတ်တယ်" လူကြီးမင်းယန်က ပြောရင်း သက်ပြင်းချသည်။

"သစ်တောက ကြီးမားတဲ့အခါမှာ ငှက်ပေါင်းများစွာကို ရှာတွေ့နိုင်တယ်, အဲ့ဒီလို စိတ်ထားမျိုး ရှိနေတဲ့ တစ်စုံတစ်ယောက်ရှိနေကြောင်း တွေးမိတိုင်း ငါ့ကို ဒေါသထွက်စေတာ, သူ့အကြောင်း မပြောကြရအောင်"

"ကျွန်တော်တို့ နောက်တစ်ပွဲ ထပ်ကစား ကြမလား?" ရိဟန်က မေးသည်။

"ကောင်းပြီလေ" လူကြီးမင်းယန်က သဘောတူ၏၊

ရိဟန်က သူ့အကျီၤလက်အား ခေါက်တင်လိုက်ကာ

"ဒီတစ်လှည့်တော့ အရင်တစ်ခေါက် အရှက်ရခဲ့တာကို ပြန်ဖာထေးတဲ့ အနေနဲ့ ကျွန်တော် နိုင်ကိုနိုင်ရမယ်!"

"ကလေး ဒါတော နည်းနည်းခက်လိမ့်မယ်" လူကြီးမင်းယန်က ခပ်ဖွဖွ ပြောသည်။

"ကိစ္စမရှိပါဘူး, ငါမင်းကို သုံးလှည့်အကြောပေးမယ်!"

"မလိုပါဘူး ခင်ဗျ!" ရိဟန်က လက်ကိုအသည်းအသန် ဝှေ့ယမ်းပြလေသည်။

"ကျွန်တော်က ဂုဏ်ယူဝံ့ကြွားစွာပဲ အနိုင်ယူမှာ!"

လူကြီးမင်းယန်က ကျယ်လောင်စွာ အော်ရယ်တော့၏။

(Completed) Reborn as a good childWhere stories live. Discover now