Chapter《123》

9.6K 1.6K 12
                                    

Unicode

အခန်း(၁၂၃) - အုတ်ဂူထဲထိ ယူသွားမယ်

ရိဟန်က သူ့လက်ချောင်းလေးတွေကို ငုံ့ကြည့်လိုက်ပေမယ့်လည်း သူ့အာရုံကတော့ ကျင်းယွမ်နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။

"ငါ့လက်တွေက အဆင်ပြေတယ်" သူကပြောသည်။

"ငါဆေးရုံသွားစရာ မလိုဘူး,ကျင်းယွမ်, ငါ့ကို......ငါ့ကို စိတ်မဆိုးပါနဲ့နော်, ငါ....."

"မင်းဘယ်လိုများ ကိုယ့်ခန္တာကိုယ် ဂရုမစိုက်ရတာလဲ?" ကျင်းယွမ်မှာ ဒေါသဖြင့် အော်လုနီးပါးပင်။

"မင်းလက်ချောင်းတွေ အကုန်လုံး သွေးထွက်နေတယ်လေ! မင်းလည်သည်းတွေလည်း ကွဲပြီး ပဲ့ထွက်ကုန်ပြီ! လက်ဆယ်ချောင်းလုံးက နှလုံးကို ဦးတည်နေတာ, အဲ့ဒါတောင် မနာဘူးလား? မင်းလက်တွေ ဒီလောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရသွားတဲ့အချိန်မှာ ကိုယ်ဘယ်လိုများ မင်းကို ဒေါသထွက်ဖို့ အချိန်ရှိမှာလဲ?"

လောလောဆယ်မှာ ကျင်းယွမ်က သူ့ကိုယ်သူသာ အလွန်အမင်း မုန်းတီးနေမိသည်။ ရိဟန်က စိတ်ဓာတ်ကျနေမှန်း သူသိသည်။ လူငယ်လေးက သတ်သေဖို့တောင် လုပ်ခဲ့ဘူးတာ။ အခုတော့သူက အလွန်တရာ သိမ်ဖျင်းတဲ့ တစ်စုံတစ်ရာအတွက် အငယ်လေးကို စစ်ဆေးမေးမြန်းခဲ့မိတယ်! ရိဟန်က သူ့နှာခေါင်းအောက် တည့်တည့်မှာတင် သူ့ကိုယ်သူ နာကျင်အောင် လုပ်တာကို သတိမထားလိုက်မိဘူး! အကယ်၍သူသာ အနားကို မလျှောက်လာပဲ အရူးတစ်ယောက်လို ဆက်ထိုင်နေမယ်ဆိုရင် ရိဟန်ရဲ့ လက်တွေက ဘယ်လောက်ထိတောင် ဆိုးဆိုးဝါးဝါး နာကျင်နေလိုက်မလဲ?

သူက ရိဟန်ကို ကာကွယ်ပါ့မယ်လို့ ကတိသစ္စာ ပြုထားပေမယ့်လည်း ဒီတစ်ခေါက် ရိဟန်နာကျင်ရတာက သူကိုယ်တိုင်ကြောင့် ဖြစ်နေတယ်, ကျင်းယွမ်အနေနဲ့ အဲ့ဒါကို လက်ခံနိုင်စရာ နည်းလမ်းမရှိဘူးလေ။ သူ့ကိုယ်သူ ခပ်ပြင်းပြင်းလေး ထိုးနှက်ချင်မိတယ်!

ကျင်းယွမ်ရဲ့ စကားများ ကြားမှာသာ ရိဟန်သည် သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်မိတဲ့အတွက် ထိုလူရဲ့ သံသယတွေ ပိုပြီး ကြီးထွားလာမည်ကို စိုးရိမ်မိသွားရသည်။ သို့သော်လည်း ကျင်းယွမ်ရဲ့ ဒေါသသံကို ကြားရတာနဲ့ စကားဆက်ပြောဖို့ သတ္တိမရှိရှာတော့။

(Completed) Reborn as a good childWhere stories live. Discover now