Chapter《154》

8.6K 1.3K 32
                                    

Unicode

အခန်း(၁၅၄) - Will You?

ရိဟန်ကို ငုံ့ကြည့်နေရင်း ကျင်းယွမ်ရဲ့ အသက်ရှုသံများ အမောတကော ဖြစ်လာပြန်သည်။ သူက ရှေ့ဆက်တိုးချင်စိတ်များကို တွန်းလှန်ရင်း နောက်ပြန်ဆုတ်လိုက်ရသည်။ ထို့နောက် ရိဟန်ရဲ့ လည်တိုင်နောက်ဆီကနေ ရိဟန်ရဲ့ နှုတ်ခမ်းများဆီ ရွေ့သွား၏။

"အဆိုးလေး!" ကျင်းယွမ်က ရိဟန်ရဲ့ နှုတ်ခမ်းကို အကြိမ်အနည်းငယ် နမ်းပြီးနောက် အသံတိုးတိုးဖြင့် ပြောလေသည်။

ဒေါက်တာချန် ရောက်လာတဲ့အချိန်မှာ မွန်းလွဲပိုင်းပင် ဖြစ်နေလေပြီ။ အံ့သြဖို့ကောင်းတာက ရိဟန်တစ်ယောက် အိပ်နေဆဲဆိုတာပင်။

ကျင်းယွမ်ရဲ့ စိတ်အတွင်းပိုင်းမှာတော့ ဒေါက်တာချန်က သူ့ကို စစ်ဆေးပေးရင်း ရိဟန်အား မကြာခဏ ကြည့်နေသည်ကို စိတ်တိုနေမိသည်။

"သူအရင်လတစ်လျှောက်လုံး ကျွန်တော့်ကိုစောင့်ရှောက် ပေးနေရတာမို့လို့ ပင်ပန်းသွားတာ" ကျင်းယွမ်က ခပ်တိုးတိုးပြောသည်။

"တိတ်တိတ်လေး လုပ်ပေးပါ, သူ့ကို နိုးအောင်မလုပ်နဲ့"

ဒေါက်တာချန်က သဘောတူဟန် ခေါင်းညိတ်ပြပြီး ပြောလာသည်။

"ဟုတ်ပ, ပိုင်သခင်လေးက မွေးကတည်းက ချစ်မြတ်နိုးမှုတွေကို ခံလာရတာ, အရင်တုန်းကဆို ခက်ခဲတဲ့အချိန်တွေတောင် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးဘူး ဆိုတော့ ပင်ပန်းရှာမှာပေါ့, တကယ်တော့ နွမ်းနယ်နေတာက တကယ့် ပြဿနာမဟုတ်ဘူး, ပိုပြီးအရေးကြီးတာက ခင်ဗျားရဲ့ ခန္တာကိုယ်အပေါ် သူ့စိုးရိမ်ပူပန်မှုပဲ Mr မု, ပိုင်သခင်မတောင် ပြောနေသေးတယ် အခုတစ်လော သူအစားသိပ်မဝင်ဘူးတဲ့, သူမက သူ့အတွက် ဖြည့်စွက်စာတွေတောင် တိတ်တိတ်လေး ပြင်ဆင်ခိုင်းသေးတယ်, သူယူလာလား မလာဘူးလားတော့ ကျွန်တော်လည်းမသိဘူး"

ကျင်းယွမ်သည် ဒေါက်တာချန်က ရိဟန်အား 'မွေးကတည်းက ချစ်ခင်မြတ်နိုးခံခဲ့ရသူ' ဆိုတာနဲ့ 'ခက်ခဲတဲ့အချိန်တွေတောင် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးဘူး ' ဟု ရည်ညွှန်းပြောလာသည်အား ကြားသောအခါ စောင်အောက်မှာ ဖုံးလွှမ်းနေသည့် 'ဘေးဒုက္ခ' ကို ပြန်အမှတ်ရမိသွားစေသည်။ သူ့နှလုံးသားထဲက မကျေမနပ်ဖြစ်မှုက ပိုလို့ပင် ကြီးထွားလာတော့၏။ သူက သူ့ကိုယ်သူ ပြန်မရိုက်မိအောင် အာရုံစိုက်နေရတာကြောင့် သူ့သွေးကြောထဲကို အပ်စိုက်လိုက်တာတောင် မသိတော့ပေ။

(Completed) Reborn as a good childWhere stories live. Discover now