Chapter《181》

6.1K 1K 20
                                    

Unicode

အခန်း(၁၈၁) - မကောင်းတဲ့ စတင်ခြင်းတော့ မဟုတ်ဘူး

ရိဟန်က ဟဲယွမ်ကို ယန်ရန်  ပြောခဲ့သည့် 'သူ့ချစ်သူက သူ့အစား လုပ်ပေးဖို့ ဆန္ဒရှီတယ်' ဆိုတဲ့စကားအား ပြန်အမှတ်ရသွားတာကြောင့် မျက်နှာပေါ်မှာ လျှို့ဝှက်အပြုံးလေးနဲ့ ယိုရန်အား လှည့်မေးလေသည်။

"ငါမမေးရသေးဘူး, မင်းတို့နှစ်ယောက်ကြားမှာ ဘာဖြစ်ထားတာလဲ? တိုးတက်မှုက မြန်လှချေလား"

"ဘာမှမဟုတ်ပါဘူး" ယိုရန်က အနေခက်နေသည့် အပြုံးလေးနဲ့ ပြန်ဖြေသည်။

"ယန်ရန်က ငါ့ကို ကာကွယ်ပေးဖို့အတွက်နဲ့ ဟဲယွမ်ကို အဲ့ဒီလို ပြောလိုက်တာပါ"

"မဟုတ်ပါဘူး!" ယန်ရန်က ထအော်သည်။

ယိုရန်က ယန်ရန်အား လှည့်ကြည့်လာပြီး သူ့မျက်လုံးများကတော့ တောက်ပလာသည်။

ယန်ရန်က လည်ချောင်းတစ်ချက် ရှင်းသည်။ သူ့ရဲ့ ဖွေးနုလှတဲ့ မျက်နှာပေါ်မှာ အနီဖျော့ဖျော့လေး သန်းနေ၏။

"ကျွန်တော်က လက်ရှိမှာ ခင်ဗျားကို ကျွန်တော့ ရည်စားဖြစ်လာစေဖို့ ကြိုးစားနေတာ" သူက ဆက်ပြောသည်။

"ခင်ဗျားသာ Yes လို့ ပြောတာနဲ့ ကျွန်တော်တို့ ချစ်သူ ဖြစ်နိုင်ပြီ ဟုတ်တယ်မှတ်လား? ကျွန်တော် မှားပြောတာ မဟုတ်ဘူး အဲ့ဒါက နည်းနည်း စောလွန်းသွားတာ တစ်ခုပဲ"

ယိုရန်၏ တောက်ပသော မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မေးရိုးက ပြုတ်ကျကာ အနည်းငယ် ပါးစပ် အဟောင်းသား ဖြစ်သွားရလေသည်။

ရိဟန်က မျက်တောင်ခတ်လိုက်သည်။ ထို့နောက်မှာတော့ ကျင်းယွမ်အား လက်ဆွဲကာ တိုက်ခန်းထဲမှ တိတ်တဆိတ် ပြန်ထွက်လာလိုက်တော့လေသည်။

သူတို့နောက်က တံခါးအား ဖြည်းညှင်းစွာ ပိတ်ပြီးနောက်မှာ ရိဟန်က ရှည်လျားစွာ သက်ပြင်းချမိသည်။ နှစ်ယောက်သားက ယိုရန်၏ တိုက်ခန်းရှိရာသို့ ပြန်လာလိုက်ကြပြီး ဆိုဖာပေါ်မှာ ဝင်ထိုင်၏

"အဲ့ဒီနှစ်ယောက်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ" ရိဟန်က ပေစောင်းစောင်းလေးဖြင့် ပြောလာသည်။

(Completed) Reborn as a good childWhere stories live. Discover now