Chapter《61 and 62》

15.9K 2.4K 42
                                    

Unicode

အခန်း(၆၁) - စိတ်ပိုင်းဆိုင်ရာထောင်ချောက်

ကျင်းယွမ်က ရွှယ်ချင်းရဲ့ မေးခွန်းအား ကြားသောအခါ မျက်လုံးများ မှိတ်မိသည်။ သူကအံကိုတင်းတင်းကြိတ်ရင်း ပြန်ဖြေ၏။

"ငါမေးတယ်, သူပြောတာက ငါတို့က စေ့စပ်ပြီးပြီမို့လို့ အိမ်ကိုဖျတ်ဆီးသူ မဖြစ်ချင်ဘူးတဲ့, သူကမရှိသင့်တဲ့သူတဲ့"

ရွှယ်ချင်းမှာ အံ့အားသင့်သွားရသည်။ မျက်ရည်များက သူမရဲ့ ပါးပြင်ပေါ် စီးကျလာလေသည်

"ဒီအရူးလေးကတော့, ဒီငန်းစုတ်လေးကတော့, ဘာလို့သူက မရှိသင့်ရမှာလဲ? အကုန်ငါ့အမှားပါ, ဘာလို့များ နင့်ကိုရုတ်တရက်ကြီး လက်ထပ်မယ်လို့ လုပ်မိရတာလဲ? အဲ့ဒါက ဟန်ဟန်ကို သတ်မိတော့မလို့" သူမက ရေရွတ်သည်။

"နင်လည်း ဒီလိုဖြစ်မယ်မှန်းမှ မသိခဲ့တာ" သူက နားထင်အား နှိပ်နယ်ရင်းဖြင့် ပြန်ပြောသည်။

"အဲ့ဒါက နင့်အမှားမဟုတ်ပါဘူး, ဒါပေမဲ့ သူ့စိတ်အခြေအနေက တစ်ခုခုမှားနေတယ်လို့ နင်မထင်မိဘူးလား? သာမာန်လူတစ်ယောက်က ဒီလိုကိစ္စလောက်နဲ့ သတ်သေဖို့ လုပ်မယ်ထင်လား? ပြီးတော့ အဲ့ဒါကလည်း သူ့လည်မျိုကို ပြတ်ပြတ်သားသား လှီးဖြတ်ပစ်တာလေ?"

ရွှယ်ချင်းရဲ့ မျက်လုံးများ ပြူးကျယ်သွားရသည်။

"နင်ဘာကိုဆိုလိုတာလဲ?"  သူမက မေးမိသည်။ " သူနေမကောင်းဘူးလို့ ပြောချင်တာလား?"

ကျင်းယွမ်က သူမရဲ့မောင်လေးအပေါ် တကယ်ခံစားချက်ရှိတယ်ဆိုတာတော့ သံသယဝင်စရာပင် မလိုပေ။ သူက ဟန်ဟန်ကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာဖြစ်ကြောင်း လူတိုင်းပြောနိုင်သည်။

ပိုင်မိသားစုကလွဲရင် သူမမောင်လေးကို ကျင်းယွမ်လောက် ချစ်တဲ့သူမရှိဘူးဆိုတာ သူမသိသည်။ တစ်ခြားသူများထက်စာရင် သူက သူမမောင်လေးမှာ တစ်ခုခုမှားနေတာကို မလိုချင်ဆုံးသူတစ်ယောက်ပဲ

သူမမောင်လေးကို နည်းနည်းလောက် ကျိန်ဆဲသလို စကားလုံးလေးကတောင် သူမကို ရူးသွပ်သွားစေသလိုမျိုး ခံစားရစေတာ။
သူဒီလိုမျိုး ပြောနေတယ်ဆိုတာက တော်တော်လေး သေချာနေတယ်လို့ ဆိုလိုတာပဲ။ ထိုနားလည်မှုက သူမရဲ့ နှလုံးသားအား မွမ်းကျပ်သွားစေသည်။

(Completed) Reborn as a good childWhere stories live. Discover now