Chapter《187》

6.1K 1K 74
                                    

Unicode

အခန်း(၁၈၇) - ဒီကိစ္စမှာ ငါလည်းပါမယ်

"ဒီကိစ္စမှာ ခင်ဗျားက ချီမိသားစုရဲ့ ဂုဏ်သတင်းအတွက် လုပ်နေတာ" ရိဟန်က ပြောသည်။

"ကျွန်တော်ကတော့ ကျွန်တော့် သူငယ်ချင်းအတွက် လုပ်နေတာ, ကျွန်တော်တို့ နှစ်ဖက်လုံးက အခြေအနေတွေနဲ့ ပတ်သတ်လို့ သီးခြားအမြင်တွေ ရှိနေကြတယ်, ဒါက ရှောင်လွှဲလို့ မရတဲ့အရာပဲ, ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်ကတော့ ဒီကိစ္စမှာ ဝင်ပါရမှာပဲ, ချူဖုန်းမင်ဆီမှာ ဘာဖြစ်သွားလဲ ကျွန်တော် ဂရုမစိုက်ပေမယ့် နန့်ရှန်ကိုတော့ ကာကွယ်ပေးမှဖြစ်မှာ, အကယ်၍ ငြိမ်းချမ်းစွာ အတူတူ ယှဉ်တွဲနေချင်တယ် ဆိုရင်တော့ ကျွန်တော်ပြောနိုင်တဲ့ စကားက 'sorry' ဆိုတဲ့ တစ်ခွန်းတည်းပဲ, နန့်ရှန်ဘေးကင်းမလား ဒါမှမဟုတ် အန္တရာယ်ထဲ တွန်းပို့ခံရမလားဆိုတာကတော့ ဘယ်သူနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တာပဲလေ"

ချီမင်းယောင်က မျက်တောင်ခတ်သည်။ ရုတ်တရက် သူက ပြုံးလိုက်လေသည်။

"ပိုင်သခင်ငယ်လေး ဒေါသထွက်ဖို့ မလိုပါဘူး,ဒီမြို့ထဲမှာ မင်းသာ လူတစ်ယောက်ကို ကာကွယ်ချင်တယ်ဆိုရင် မုန့်ဖုတ်သလိုမျိုး လွယ်ကူလွန်းပါတယ်, ကျွန်တော်ကလည်း မင်းရဲ့ ရန်သူဖြစ်ချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး, ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝမ်းကွဲက အရှက်ခွဲခံရတာလေ, ဒါကို လက်ခံဖို့က ကျွန်တော့်အတွက်လည်း ခက်ခဲတယ်"

"Mr ချီ" ရိဟန်က တည်ငြိမ်စွာ ပြောသည်။

"ခင်ဗျားက ကိုယ့်မိသားစုကိုယ် ကာကွယ်ချင်တယ် ဆိုတာက သဘာဝပါပဲ ဒါပေမဲ့ မတရားမှုတိုင်းမှာ ကျူးလွန်သူ ရှိသလို အကြွေးတိုင်းမှာလည်း အကြွေးရှင်ဆိုတာရှိတယ်, ချူဖုန်းမင်က စိတ်နှလုံးသား အေးစက်တဲ့ လူတစ်ယောက်။ သူက သူ့အိမ်ထောင်ဖက်ကို လှည့်စားပြီး အန်တီရွှီးနဲ့ ချစ်ကြိုက်တယ်, ဒါက နန့်ရှန်နဲ့ ဘာမှကို မပတ်သတ်ဘူးလေ။ တကယ်ဆိုရင် ခံရတဲ့သူက မဒမ်ချူတစ်ယောက်တည်းမှ မဟုတ်တာ, နန့်ရှန်ကလည်း ခံရသူပဲဟာ။ အုချိန်ထိ သူက ချူဖုန်းမင်ရဲ့ အဆက်မပြတ် နှောင့်ယှက်မှုကို ခံနေရတုန်းပဲ။ ကျွန်တော်တောင် အဲ့ဒီလူကို သင်ခန်းစာ ပေးချင်နေတာ။ ပြောရမယ်ဆိုရင် ခင်ဗျားက မဒမ်ချူကို ကူညီပြီး သူမရဲ့ ဒေါသကို ဖြေလျော့ပေးသလို ကျွန်တော်ကလည်း နန့်ရှန်အစား ဒေါသ ဖြစ်ပေးတာပဲလေ။ ကျွန်တော်တို့ရဲ့ လိုလားချက်တွေက မတိုက်ဆိုင်ကြဘူး။ နန့်ရှန်ရဲ့ မျိုးရိုးနာမည်က ရွှီး၊ ချူမဟုတ်ဘူး။ သူက ရွှီးကျင်းရွှမ်ရဲ့သား။ ချူဖုန်းမင်နဲ့ ဖြတ်မရတဲ့ သွေးသားခြင်း ဆက်စပ်နေတာကလွဲရင် တစ်ခြားကိစ္စတွေက သူနဲ့လုံးဝကို မပတ်သတ်ဘူး။ နန့်ရှန်က သူနဲ့ ပတ်သတ်တဲ့ ဘယ်အရာကိုမဆို ငြင်းဆန်ထားတာပဲ။ ခင်ဗျားသာ နန့်ရှန်ကို မတည်ရှိဘူးလို့ သဘောထားလိုက်သ၍ လူတိုင်း စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဆက်နေနိုင်မှာပဲ။ ကျွန်တော် ခင်ဗျားကို မလျှိုထားပါဘူး Mr ချီ, မနေ့က ယန်ဖေးတို့ ယန်ရန်တို့နဲ့ စကားပြောတုန်းကတောင် ကျွန်တော်တို့အားလုံး ခင်ဗျားရဲ့ လုပ်ရပ်တွေ ဘယ်လောက်တောင် လျင်မြန်ပြတ်သားလဲ ဆိုတဲ့အပေါ် ချီးကျူးနေကြသေးတယ်။ ဖေးဖေးဆိုရင် ခင်ဗျားလုပ်လိုက်တာက သူမကို အရမ်းပျော်ရွှင်စေတယ်လို့တောင် ပြောနေတာ။ အဆုံးသတ်လိုက်ရင်တော့ ခင်ဗျားသာ နန့်ရှန်အပေါ် လက်တစ်ချောင်း မတင်သ၍ တစ်ခြားသူကိစ္စ ဘာဖြစ်ဖြစ် ကျွန်တော်တို့ ဂရုမစိုက်ဘူး။ ဒါ့အပြင် ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲလေ။ အတိုင်းအတာတစ်ခုထိတော့ ကျွန်တော်တို့က တူညီတဲ့ ရည်ရွယ်ချက်အတွက် ပေါင်းစည်းနေကြတာပဲ"

(Completed) Reborn as a good childWhere stories live. Discover now