Chapter《5》

16.9K 2.5K 18
                                    

Unicode

အခန်း() - မနိုးထချင်တော့ဘူး

ပိုင်ရွှယ်ချင်းက သန်မာပြီး လွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် လူသိများသည်။ ပိုင်ရိဟန်ကတော့ သူမနှင့် ဆန့်ကျင်ဘက်ပင်။ သူက ကလေးဘဝ ကတည်းက မကျန်းမာသောကြောင့် သူ့မိသားစုမှ လူတိုင်းကသူ့ကို ချစ်ကြသည်။ အထူးသဖြင့်အမေက သူ့အပေါ်မှာ အကြွေးတင်နေသလို ခံစားခဲ့ရပြီး သူလကိုပဲ တောင်းဆိုတာတောင် ကြယ်ကိုပါ မပေးနိုင်တဲ့အပေါ်မှာ မုန်းတီးတတ်သည့် သူမျိုးလည်းဖြစ်သည်။

သူမူလတန်း ရောက်တုန်းက ရက်အနည်းငယ်ကြာတိုင်း ဆေးရုံ တက်ခဲ့ရသောကြောင့် သူ့ရလဒ်တွေက သိပ်မကောင်းခဲ့ပေ။ နောက်ပိုင်းသူ ကြီးပြင်းလာပြီး မကြာခဏ ဖျားနာခြင်း မရှိသည့်အခါမှာတောင် သူ့ရဲ့အခြေခံက ခိုင်မာမှုမရှိသည့်အတွက် သူ့ရလဒ်များက ပျင်းမျှအားဖြင့်ကတော့ အမြဲတမ်း မျောနေခဲ့၏။

သူ့မိသားစုကလည်း သူ့ကို ပိုကောင်းလာအောင်လုပ်ရန် အတင်းအကြပ် တွန်းအားမပေးခဲ့တာကြောင့် လေ့လာမှုများ လုပ်ရသည့်အပေါ်တွင် ဘယ်တုန်းကမှ ဖိအားနှင့်နာကျင်မှုမျိုးကို မခံစားခဲ့ရပဲ တက္ကသိုလ်မှဘွဲ့ရသည်အထိ လှည့်ပတ်ကစားနေခဲ့သည်။

အမေက သူမရဲ့သားလေးကို အလွန်ကို ချစ်ခင်တာကြောင့် ငယ်ရွယ်တဲ့ အရွယ်လေးမှာ ကိုးနာရီကနေ ငါးနာရီအတွင်း အလုပ်လုပ်နေရသည့် ဘဝကို မရောက်စေချင်ဘူးဟုဆိုကာ သူ့ကို ကုမ္ပဏီဝင်ခွင့်လည်း မပေးခဲ့ပေ။ သူမကသူ့ကို သူတကယ် လုပ်ချင်သည့်အရာက ဘာလဲဆိုတာ မဆုံးဖြတ်နိုင်ခင်ထိ နှစ်ပေါင်းများစွာ လုံခြုံစိတ်ချရသောဘဝဖြင့် နေထိုင်စေလိုခဲ့သည်။

အမှန်ကတော့ သူဘာမှမလုပ်ရင်တောင် ချမ်းသာတဲ့ ကလေးတစ်ယောက်အနေနဲ့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်သည်။

ထို့ကြောင့်လည်းရိဟန်က အခုချိန်မှာNEET၏ ဖတ်စာအုပ် အခြေအနေမှာပဲ ရှိနေသေးတာဖြစ်သည်။

(T/N - NEET - အလုပ်လည်းမလုပ်၊ လေ့လာရေးလည်းမလုပ်၊ လေ့ကျင့်ရေးလည်းမလုပ်)

(Completed) Reborn as a good childWhere stories live. Discover now