Chapter《91》

12K 1.8K 56
                                    

Unicode

အခန်း(၉၁) - တွန့်ဆုတ်နေဖို့ မရှိတော့ဘူး

"ပိုင်သခင်လေးရဲ့ လက်တစ်ချက် အဝှေ့နဲ့တင် လူတွေအများကြီးက ခုန်ပေါက်နေကြမှာပဲလေ! ငါ့ကိုအတင်းအကြပ် လုပ်စရာတောင် လိုလို့လား? မင်းနားကို ကပ်နိုင်ဖို့အတွက် ငါပေးဆပ်ခဲ့ရတာတွေနဲ့ ငါဘယ်လောက်ထိ လုပ်ခဲ့ရလဲ ဆိုတာကို မင်းသိရဲ့လား? ငါ့မှာ ဖုန်းမိသားစုအတွက် မနှစ်မြို့စရာ ကောင်းလွန်းတဲ့ အရှက်ရခြင်းတွေကို ခံယူခဲ့ရတယ်! အဆုံးမှာတော့ မင်းတို့တွေ ငါ့ကိုဘာလုပ်လိုက်လဲ ကြည့်ပါဦး!" ဖုန်းချွင်က ဒေါသတကြီး အော်ဟစ်လာသည်။

"ဖုန်းမိသားစုအတွက်လား?" ရိဟန်က သက်ပြင်းချသည်။
"အဲ့ဒါက မင်းကိုယ်မင်းအတွက်ပဲလေ မဟုတ်ဘူးလား? မင်းအဖေမှာ အနည်းဆုံး လူသိရှင်ကြား တရားဝင် ကလေးငါးယောက် ရှိတယ်, ဖုန်းမိသားစုရဲ့ အကျိုးအမြတ် အတွက်မင်းက ငါနဲ့သူငယ်ချင်း ဖြစ်အောင်လုပ်ခဲ့တာ, အဲ့ဒါကမင်းရဲ့ နေရာအနေအထားကို အမွေဆက်ခံသူအဖြစ် ခိုင်မြဲစေချင်လို့ မဟုတ်ဘူးလား?"

"အကယ်၍ 'အရှက်တရား' အားလုံးကို ဖြတ်ကျော်ခဲ့ရတယ် ဆိုရင်တောင် အဲ့ဒါက ဖုန်းမိသားစုအတွက်ပဲလေ, အခုမှ မင်းကငါ့ကိုလာပြီး ဒေါသထွက်နေတယ် ဆိုတော့ အဲ့ဒါကို တရားမျှတကယ်လို့ မင်းထင်နေတာလား?"

ဖုန်းချွင်က ရိဟန်ဆီကို ပြန်လှည့်သွားပြီး တစ်ဖက်လူရဲ့ မေးစေ့အား ဆွဲညှစ်လိုက်ပြန်သည်။

"သခင်လေးရေ, အမလေး ပိုင်သခင်လေးရဲ့, ဘာလို့ဒီလောက် နုံအရတာလဲ?" သူက လှောင်ပြုံးတစ်ခုနဲ့ စကားဆက်သည်။

"ဒီကမ္ဘာကြီးက ဘယ်တော့မှ မျှတမှုဆိုတာ မရှိဘူးကွ, မင်းကိုယ်မင်းပဲ ဥပမာယူလိုက်, မင်းက ကံကောင်းမှုနဲ့ မွေးဖွားလာတယ်, ပိုင်မိသားစုထဲမှာ မွေးလာတဲ့အပြင် လူတိုင်းက မင်းကိုချစ်ကြတယ်, မွေးကတည်းက လူတိုင်းက ကိုးကွယ်နိုင်ဖို့အတွက် တိမ်တိုက်တွေပေါ် တင်ပေးခဲ့ကြတာ, ငါကရော? ငါက ဘယ်လိုလမ်းကြောင်းနဲ့မှ မင်းအတွက် အရေးမကြီးခဲ့ဘူး, ငါအများကြီး လုပ်ခဲ့တယ် အင်အားတွေ အများကြီး စိုက်ထုတ်ခဲ့တယ် ဒီနေ့ထိ ဘာမှမကျန်ရစ်သေးဘူး!"

(Completed) Reborn as a good childWhere stories live. Discover now