Chapter《7》

16.1K 2.5K 30
                                    

Unicode

အခန်း(၇) - ဒီသခင်လေးကအတုပဲဖြစ်ရမယ်

ပိုင်ရိဟန်က ဆင်ကန်းတောတိုး လျှောက်နေရင်း သူ့ခေါင်းကတော့ မရေမတွက်နိုင်သည့် မတူညီသော အရာများအား လှည့်ပတ်ကြည့်နေသည်။ သူ့အတိတ်ဘဝက သင်ကြားပေးမှုအရ သူ့မူလစိတ်ဓာတ်ဖြစ်သည့် ပိုင်မိသားစုသာ သူ့နောက်မှာရှိနေသ၍ လုံးဝစိတ်ပူစရာမရှိဘဲ ရှင်သန်နေထိုင်နိုင်မယ်လို့ တွေးခဲ့မိခြင်းက အစွန်းရောက်သည်အထိ ယုံကြည်နေခဲ့ခြင်းသာ ဖြစ်သည်လေ။

မိုးမျှော်တိုက်တစ်ခုရဲ့ ကျဆုံးခြင်းက စက္ကန့်ပိုင်းနဲ့တင် ဖြစ်နိုင်သည်။ လူတစ်ယောက်ဟာ သူတို့ဘဝမှာ တစ်ခုခုကိုတော့ ထိန်းချုပ်ထားနိုင်ရမည်ပင်။ သူ့စံပြဘဝပုံစံက ပျော်ပျော်ရွှင်ရွှင်နဲ့ ပျင်းရိပျင်းတွဲ နေချင်ခဲ့တာဖြစ်ချင် ဖြစ်လိမ့်မည်။ ဒါပေမဲ့လည်း အကယ်၍ ဝေးလံတဲ့ စိုးရိမ်ပူပန်မှုဆိုတာမရှိရင်တောင် ပြဿနာက ထောင့်တစ်နေရာမှာတော့ ရှိနေခဲ့မှာပင်။

ရေရှည်အတွက်ကတော့ သူ့မှာအလုပ် ဒါမှမဟုတ် စီးပွားရေးတစ်ခုခုရှိနေရင် အကောင်းဆုံးပဲ။ ဒီအတွေးက သူ့ကိုယ်သူ ရှုပ်ထွေးစေပြီး ကံဆိုးတာတွေ ယူလာနိုင်မလားတော့ မသိပေမယ့် အကယ်၍ ပိုင်မိသားစုသာ တကယ်ပဲ တစ်ခုခုဖြစ်ခဲ့ရင် ရိဟန်အနေနဲ့ သူ့မိသားစုဒေဝါလီခံရပြီး စီးပွားပျက် ဆုံးရံှးရတာကို ဒီအတိုင်းပဲ ကြည့်မနေနိုင်ဘူးလေ။

အကယ်၍သူ့မှာ ရင်းနှီးမြှုပ်နှံမှု တစ်ခုခုရှိနေမယ်ဆိုရင် သူတို့ကိုကူညီနိုင်ပြီး အနည်းဆုံးတော့ သေချာပေါက် မိသားစုတစ်ခုလုံး ကောင်းကောင်းရှင်သန်အောင်တော့ လုပ်ပေးနိုင်မယ်... အဲ့ဒါကအပြည့်အဝ ကူညီနိုင်တာတော့ မဟုတ်ပေမယ့် ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်။

ဒါပေမဲ့သူဘာလုပ်သင့်လဲ? ကနဦးမြို့တော်က ပြဿနာတစ်ခုမဟုတ်ဘူး.... ဒါပေမဲ့သူက စီးပွားရေးသမားတစ်ယောက် မဟုတ်ကြောင်းလည်း သူ့အတိတ်ဘဝက သူ့ကိုသင်ကြားပေးခဲ့တယ်လေ... စက်ရုံတွေသွားရတာ စစ်ပွဲထဲသွားရသလိုပဲ... သူလိုလူတစ်ယောက်က ပိုက်ဆံရှိရင်တောင် လိမ်လည်လှည့်ပတ်ခံရပြီး သူလုံးဝကျဆုံးသည်အထိ လှည့်စားခံရမှာ....

(Completed) Reborn as a good childWhere stories live. Discover now