Chapter《162》

6.4K 1.1K 15
                                    

Unicode

အခန်း(၁၆၂) - အထူးတလှယ်ကို တွယ်ကပ်လွန်းတယ်

ကျင်းယွမ်က ရိဟန်ရဲ့ လက်အား သူ့လက်ဖဝါးထဲ ဆွဲယူလိုက်သည်။ သူက ရိဟန်ရဲ့ အာမေဋိတ် သံလေးကို တုန့်ပြန်တဲ့အနေနဲ့ ချစ်မြတ်နိုးလွန်းနေသည့် လေသံတစ်ခုပြုလိုက်ပြီး ရိဟန်အား ဓာတ်လှေကားထဲကနေ ဆွဲခေါ်သားတော့၏။ နှစ်ယောက်သား ကျင်းယွမ်ရဲ့ ရုံးခန်းထဲ ဝင်သွားကြလေသည်။

ရိဟန်ရဲ့ အထူးတလှယ် ဆိုဖာလေးပေါ်မှာတော့ စားပွဲအပြည့် မုန့်များ၊ သူ့ကိုယ်သူ ဖျော်ဖြေပေးနိုင်မည့် ဒစ်ဂျစ်တယ် ကိရိယာများဖြစ်သော tablet ၊laptopနဲ့ စာအုပ်လို အရာမျိုးများ ပြည့်နှက်နေသည်။ ကျင်းယွမ်က သူ့စားပွဲခုံမှာ ဝင်ထိုင်လိုက်မှသာ ရိဟန်က ရှက်ကိုးရှက်ကန်းနဲ့ သူ့နေရာလေးသို့ ဝင်ပြီး အခြေချလေ၏။

သူတို့နောက်က လိုက်လာတဲ့ ချန်းဟုန်ကတော့ ချက်ချင်းပင် တစ်နေ့တာ အလုပ်ဇယားအား အစီရင်ခံတော့လေသည်။

"နောက်တစ်ခုက-" သူက စာရင်းရဲ့ အဆုံးသတ်မှာ ဆက်ပြောလာသည်။

"ဆရာ့အမိန့်နဲ့ ပတ်သတ်လို့ မနေ့ညက ဘာမှ ပုံမှန်မဟုတ်တာ မဖြစ်သေးပါဘူး, အဲ့ဒီလူက လုံးဝမပေါ်လာသေးဘူး"

"အင်း" ကျင်းယွမ်က ပြန်ပြောသည်။

"ဒါက ငါတို့ အလျင်စလို လုပ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူးလေ, စောင့်နေရုံပဲ ရှိတာပေါ့, ရပြီ ထွက်သွားလို့ရပြီ"

အတည်ပြုချက်ကို အမြန်တုံ့ပြန်ပြီးနောက် ချန်းဟုန်က လှည့်ထွက်သွားတော့၏။

ရိဟန်က သူ့ဘေးက ဆိုဖာပေါ်သို့ ဖြည်းညှင်းစွာ အကြောဆန့်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ စာအုပ်ပုံအား လှန်လှောရင်း ပြောလာလေသည်။

"ပြောကြည့်, အဲ့ဒီလူယုတ်မာက ဘယ်အချိန်လောက် ပေါ်လာမယ်ထင်လဲ?"

"စိတ်ပူနေစရာ မလိုဘူး" ကျင်းယွမ်က ပြန်ဖြေသည်.

"သူသာ ပုံမှန်မဟုတ်တာ တစ်ခုခုကို သတိမပြုမိသ၍ မကြာခင် ပေါ်လာလိမ့်မယ်, ကိုယ်တို့ရဲ့ အရင်တစ်ခေါက် စုံစမ်းစစ်ဆေးမှု အရဆိုရင် သူက နန့်ရှန်ဆီကို တစ်ပတ်မှာ အနည်းဆုံး နှစ်ရက်လာတယ်, အဲ့ဒီမှာ နေတာ ရှားပေမယ့်လည်း တော်တော်လေးကို မကြာခဏတော့ လာနေတာပဲလေ"

(Completed) Reborn as a good childWhere stories live. Discover now