Chapter《115》

10.5K 1.7K 76
                                    

Unicode

အခန်း(၁၁၅) - Bonus ဖြတ်မယ်

ထျန်းယောင်ရဲ့အမေက ရိဟန်ရဲ့ ဆေးရုံခန်းထဲကနေ ပြန်လာတဲ့အချိန်မှာ စင်္ကြန်တစ်လျှောက်ကို အထူးတလှယ် လှည့်ပတ်လမ်းလျှောက်ပြီးမှသာ ထျန်းယောင်ရဲ့ အခန်းကို ပြန်သွားလေသည်။ သူမ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာတော့ ချက်ထားတဲ့ ပုဇွန်လို နီရဲနေတဲ့ မျက်နှာနဲ့ သူ့သားအား နှုတ်ဆက်လိုက်ရသည်။ သူ့ခေါင်းပေါ်မှာ လွင့်ပျံနေသည့် အငွေ့များကိုပင် မြင်နေရသလိုပင်။ ဒါ့အပြင် သူ့မျက်နှာပေါ်မှာလည်း ထူးထူးဆန်းဆန်း စိတ်ညှို့ခံထားရသလို အပြုံးတစ်ခုလည်း ရှိနေသည်။ 

သူမရဲ့ အနာဂတ် ချွေးမလောင်းလေးကတော့ သူ့ဘေးမှာထိုင်ပြီး ပန်းသီးခွာနေသည်။ သူမရဲ့ လက်တွေက အတော်လေး တည်ငြိမ်နေသည်မှာ ပန်းသီးရဲ့ အခွံကိုပင် ပါးပါးလေးဖြစ်အောင် နွာနိုင်နေသည်အထိပင်။

ထျန်းယောင်ရဲ့အမေ.....

အခုချိန်မှာ ခံစားချက်တွေ တော်တော်လေး  ရှုပ်ထွေးသွားမိပြီ

နည်းနည်းများ လွဲနေကြသလားလို့...

ငါတော့သားအတုကြီး မွေးခဲ့မိတာ ဖြစ်နိုင်တယ်

***

ရိဟန်ရဲ့ ဆေးရုံခန်းအတွင်းတွင်...

"ဒါက ဒဏ်ရာသေးသေးလေးပါ"

ရိဟန်က ကျောင်းဟွာအား ပြောပြနေပြီး ထိုလူအား ပြုံးပြလိုက်သည်။

"အကိုက ဒီလောက် အလုပ်များတာကို ဒီအထိ လာပေးစရာ မလိုပါဘူး, ကျွန်တော်နေပြန်ကောင်းလာတာနဲ့ အကို့ဆီ လာခဲ့မယ်လေ, အိုးဟုတ်သားပဲ, ကျွန်တော် အကို့ကို ထမင်းလိုက်ကြွေးဖို့ ကျန်နေသေးတယ်"

"အရင်တစ်ခေါက် မင်းဒဏ်ရာရတုန်းကလည်း ငါအလုပ်ခရီး ထွက်နေလို့ မင်းဆီ လာမလည်ခဲ့ရဘူးလေ" ကျောင်းဟွာက ပြန်ပြောသည်။

"ဒီတစ်ခေါက် ငါမြို့ထဲမှာ ရှိနေတုန်း မင်းက တစ်ခြားမတော်တဆကြီးတစ်ခု ထပ်ဖြစ်ပြန်တယ်, ဘယ်လိုလုပ် ငါမင်းဆီ လာမစစ်ဆေးပဲ နေနိုင်မှာလဲ? အလုပ်အတွက်ကတော့ အချိန်ဆိုတာ ရေမြှုပ်ထဲက ရေလိုပဲဟာကို,  အမြဲတမ်း ညှစ်ထုတ်လို့ရတယ်, ဘယ်လိုပဲဖြစ်ဖြစ် မင်းဒီတစ်ခေါက်တော့ အရမ်း ရဲတင်းလွန်းသွားတာ, အရမ်းကို ရဲတင်းလွန်းသွားတာ, မင်းက ကားတည့်တည့်ကိုတောင် မောင်းဝင်သွားလိုက်သေးတယ်, အဲ့ဒါက ဘယ်လောက်တောင် အန္တရာယ်ကြီးလဲ သိရဲ့လား?"

(Completed) Reborn as a good childWhere stories live. Discover now