Chapter《106》

12.3K 1.7K 37
                                    

Unicode

အခန်း(၁၀၆) - အစွမ်းကြီးတဲ့ Mr လီ

ကျင်းယွမ်ရဲ့ ရုံးခန်းကို ရိဟန်လိုက်သွားတဲ့ သုံးရက်မြောက်နေ့ နေ့လည်ခင်းမှာ အမှုနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြရန် ရိဟန်ကို စခန်းသို့ဖိတ်ခေါ်သည့် ကပ္ပတိန်ချန်ကျင်းထံမှ ဖုန်းလက်ခံရရှိခဲ့သည်။

သို့သော်လည်း ရိဟန်နဲ့ကျင်းယွမ်တို့ ရဲစခန်းရှိရာသို့ ရောက်တဲ့အချိန်မှာ ရုပ်ရှင်ဆန်ဆန် မြင်ကွင်းတစ်ခုနဲ့ ထိပ်တိုက်တိုးလေသည်။

ထိုဇာတ်လမ်းရဲ့ ဗဟိုက သူတို့သိတဲ့သူတစ်ယောက်ဖြစ်သည့်သူ– လီဆွန်း

ထိုလူက ရှင်းရှင်းလင်းလင်းကို အရက်သောက်ထားပုံပေါ်ပြီး သူ့လက်မောင်းထဲမှာတော့ လှပ ရှင်းသန့်ပြီး သန့်စင်သည့် အသွင်ရှိသည့် မိန်းကလေးတစ်ယောက် ရှိနေသည်။

"သောက်ရေးမပါတာ မင်းတို့တွေ ငါဘယ်သူလဲ မသိကြဘူးလား?" သူက မောက်မာစွာ အော်ဟစ်နေသည်။

"မင်းကများ ငါ့ကို မေးခွန်း ထုတ်ရဲသေးတယ်ပေါ့လေ? ငါကိုလေ! ဒီလိုလုပ်ဖို့ ဘယ်သူက အခွင့်ပေးလိုက်လို့လဲ? မင်းက ငါ့ကိုစကားပြောဖို့ အခွင့်အရေးတောင် ရှိရဲ့လား? ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့တင် အခုချက်ချင်း မင်းရဲ့ ရဲဝတ်စုံကို ချွတ်ပစ်နိုင်တယ်ကွ! "

သူနဲ့ဆန့်ကျင်ဘက်အရပ်မှာ မတ်တပ်ရပ်နေသည့် ဖန်းရီက မှောင်မိုက်ပြီး တင်းမာတဲ့အကြည့်ရှိနေသည်။

"Mr လီ, ဒါက Mr ပိုင်ရဲ့ ပြန်ပေးဆွဲခံရမှုအတွက် ပုံမှန်မေးခွန်းတစ်ခုပါ, ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းပေးစေချင်ပါတယ်"

လီဆွန်းက ဒေါသပေါက်ကွဲနေသည်။ သူ့တံတွေးတွေက နေရာတိုင်း ပျံ့လွင့်နေလေပြီ။

"ပိုင်သခင်ငယ်လေးကို သုံးပြီး ငါ့ကိုခြိမ်းခြောက်နေတာ ရပ်လိုက်တော့! သူပြန်ပေးဆွဲခံရတဲ့ကိစ္စက ငါနဲ့ဘယ်လို သက်ဆိုင်နေလို့လဲ? ငါကသူ့ကို ပြန်ပေးဆွဲတဲ့သူလည်း မဟုတ်တဲ့ဟာကို!"

"ဒီကိစ္စကို ဦးဆောင်ခဲ့တဲ့ ဖုန်းချွင်က ခင်ဗျားနဲ့ ရင်းနှီးနေပါတယ် Mr လီ" ဖန်းရီက စိတ်ရှည်လက်ရှည် ရှင်းပြပေးနေသည်။

(Completed) Reborn as a good childWhere stories live. Discover now