Chapter《148》

7.3K 1.3K 49
                                    

Unicode

အခန်း(၁၄၈) - မင်းကိုယ့်ကို ချစ်သေးရဲ့လား?

ကျင်းယွမ်က ရိဟန်ကို တစ်ချက်ကြည့်လိုက်သည်။ အငယ်လေးက သိပ်ပြီး အဆင်ပြေပုံ မပေါ်ပေ။

"ကျွန်တော်နဲ့အတူ ဟန်ဟန်ပါ လိုက်လာစရာ မလိုပါဘူး" ကျင်းယွမ်က ကမန်းကတန်း ပြောရှာသည်။

"သူ့ကို ရက်အနည်းငယ်လောက် အနားယူခိုင်းလိုက်ပါဦး"

"မင်းဖျားနေတာလေ" ဖုရဲန်က ပြန်ပြောလာသည်။ သူ့အသံက ငြင်းခုံဖို့ အကြောင်းမရှိဘူးဟု ပြောနေသလိုပင်။

"ငါတို့မင်းကို တစ်ယောက်တည်း လွှတ်စရာ အကြောင်းကိုမရှိတာ, ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဟန်ကလည်း မင်းကိုစိတ်ပူနေတာ, အကယ်၍ သူမင်းနဲ့အတူ မလိုက်ဘူးဆိုရင်တော့ အေးအေးဆေးဆေး အနားယူနိုင်မှာ မဟုတ်ဘူး, ဘာလို့ သူ့ကို မင်းနောက် မလိုက်ခိုင်းရမှာလဲ? မင်းပိုပြီး စိတ်သက်သာရာရနိုင်တာပေါ့, အကယ်၍ မင်းတကယ်ပဲ သူပင်ပန်းနေတာကို စိတ်မကောင်းဖြစ်တယ်ဆိုရင် မြန်မြန်ပြန်ကောင်းလာတော့, ဟုတ်ပြီလား, ကျင်းယွမ်, မင်းမှာ အဖျားရှိနေသေးတယ်, မင်းကိုကြည့်ရတာ တော်တော်လေး နေမကောင်းသလိုပဲ, သွားလှဲနေတော့"

ကျင်းယွမ်က မတ်တပ်ထရပ်ပြီး ရိဟန်ရဲ့ အကူအညီနဲ့ လှေကားထစ်များဆီ တစ်ရွေ့ရွေ့ ပြန်တက်သွားတော့သည်။

"ရှင်ဘာလို့ လက်ခံလိုက်တာလဲ?" အမေက နားမလည်ဟန်ဖြင့် မေးလာသည်။ သူမရဲ့ အကြည့်များကတော့ အခန်းဆီကို တက်သွားကြသည့် လူငယ်လေးနှစ်ယောက်ရဲ့ ပုံသဏ္ဍာန်များဆီမှာသာ။

"ဒီမှာက လူပိုများတယ်လေ, ကျင်းယွမ်ကို ဂရုစိုက်ပေးဖို့အတွက် ပိုလွယ်လိမ့်မယ်, ဟန်ဟန်လည်း ပင်ပင်ပန်းပန်း လုပ်စရာ မလိုတော့ဘး, သူတို့ကျင်းယွမ်ရဲ့ နေရာဆီ ပြန်တဲ့အခါကျ ဟန်ဟန် တစ်ယောက်တည်း လုပ်ရမှာ, သူဘယ်လိုလုပ် အကုန်လုံးကို တစ်ယောက်တည်း လုပ်နိုင်မှာလဲ?"

ဖုရဲန်က သက်ပြင်းချပြီး ရှင်းပြသည်။

"ရှောင်းရန်, မင်းလည်း သတိပြုမိမှာပါ, သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်ထားတယ်, ကိုယ်မတိုင်ခင်တုန်းကတည်းက သတိပြုမိခဲ့ပေမယ့် အကုန်လုံး ခေါင်းနောက်ထည့်ထားခဲ့မိတာ, ဒေါက်တာကျိုးက ဟန်ဟန်ပြန်ကောင်းလာပြီလို့ ပြောတဲ့အပြင် ကျင်းယွမ်ကလည်း ဟန်ဟန်ကို တကယ်ချစ်နေလို့ သူ့ကိုလက်ထပ်ချင်နေတယ်, အဲ့ဒါက တကယ့် သတင်းကောင်းကြီးမို့လို့ ကိုယ်က ဆိုးဝါးတာ တစ်ခုမှ မတွေးထားမိဘူး, ဒါပေမဲ့ ကျင်းယွမ်နေမကောင်း စဖြစ်ကတည်းက သူတို့နှစ်ယောက်ကြားက လေထုအခြေအနေက ပိုပိုပြီး ဆိုးဝါးလာတယ် "

(Completed) Reborn as a good childWhere stories live. Discover now