Chapter《195》

5.6K 1K 28
                                    

Unicode

အခန်း (၁၉၅) - ရှုပ်ယှက်ခတ်နေသော စေ့စပ်ပွဲပါတီ ၀၁

ယန်မြောင်ရဲ့ အသံက သိပ်မကျယ်ပေမယ့် သူမနဲ့ သိပ်မဝေးတဲ့ နေရာမှာက ယန်ချုံးရပ်နေသည်လေ။ ယန်မြောင်ပြောတဲ့ စကားကို ကြားတဲ့အချိန်မှာ ဒီဆယ်စုနှစ်တွေအတွင်း မိသားစုအပေါ် အားစိုက်ထုတ်ပေးခဲ့တဲ့ သူ့ဇနီးသည်ရဲ့ ကြိုးပမ်းပေးမှုတွေကို အမှတ်ရသွားမိသည်။ သူမက သူသက်တောင့်သက်သာ နေရဖို့အရမ်း အများကြီး ပေးဆပ်ခဲ့ရတာ။ အဲ့ဒီစကားလုံး တစ်လုံးခြင်းဆီတိုင်းက သူ့အရေပြားကို ထိုးဖောက်နေတဲ့ အပ်တွေလိုပဲ။ သူ့ကိုယ်သူ ဆက်ပြီး မထိန်းထားနိုင်တော့ဘူး။

"အခုလေးတင် ရန်က နင့်ကို မနှုတ်ဆက်ဘူးလို့ နင်ပြောလိုက်တယ်နော်" ယန်ချုံးက ယန်မြောင်ကို ပြန်လှည့်ကြည့်ကာ မေးလာပြီး သူ့မျက်နှာပေါ်မှာ အေးစက်စက် အကြည့်တစ်ချက် ရှီနေ၏။

"ဒါပေမဲ့ အဲ့ဒီတံခါးကနေ လျှောက်ဝင်လာတဲ့ မိနစ်ပိုင်းကနေစပြီး အခုချိန်ထိ နင့်ယောက်မကိုရော နှုတ်ဆက်ခဲ့လို့လား?"

ယန်မြောင်က အံ့အားသင့်သွားမိသည်။ သူမကို ဘယ်တုန်းကမှ ကြမ်းကြမ်းတမ်းတမ်း စကားမျိုး မပြောဘူးတဲ့ သူမရဲ့ အစ်ကိုကြီးက အပြင်လူအတွက်နဲ့ သူမအပေါ် အေးစက်စက် ဆက်ဆံတာမျိုး တစ်ခါမှ မကြုံဖူးဘူးလေ။ သူမ နာကျင်ရတယ်။

"အစ်ကို ဘာကိုဆိုလိုတာလဲ?" ယန်မြောင်က ခွန်းတုန့်ပြန်သည်။

"ကျွန်မက ယန်မိသားစုရဲ့ သမီးလေ။ အစ်ကိုကြီးရဲ့ ညီမပါလို့!"

သူ့မျက်လုံးများက မှေးစင်းသွားပြီး နူးညံ့ညင်သာစွာ ပြန်ပြောလာခဲ့သည်။

"နင်က ငါ့ညီမ ဆိုတာကိုတော့ မှတ်မိသေးတယ်ပေါ့လေ? ဒါတောင် နင့်ရဲ့ ယောက်မအပေါ် လေးစားမှု တစ်အောင်စလေးတောင် ရှိမနေဘူး။ ငါဘယ်လို ခံစားရမလဲ ဆိုတာမျိုးကို နင်တွေးဖူးရဲ့လား? နင်က ယန်မိသားစုရဲ့ သမီးဖြစ်နေတာတောင် နင့်အဖေအတွက် အစွမ်းကုန် မလုပ်ပေးဖူးဘူး။ ငါ့ဇနီးက ယန်မိသားစုထဲမှာ မွေးဖွားလာတာ မဟုတ်တာတောင် အဖေ့အတွက် အကောင်းဆုံး လုပ်ပေးတယ်။ နင်သူမကို လေးစားရမယ် မဟုတ်ဘူးလား? ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား?"

(Completed) Reborn as a good childWhere stories live. Discover now