Chapter《95》

13K 2K 40
                                    

Unicode

အခန်း(၉၅) - ယာယီအစီအစဉ်

ရွှယ်ချင်းရဲ့ စကားအဆုံးတွင် အခန်းထဲမှာ အသက်ရှုကျပ်လောက်သော တိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားရသည်။ ရှည်ကြာစွာ ရပ်တန့်နေမိကြပြီး နောက်မှာတော့ ယန်က စကားစလာ၏။

"ရွှယ်ချင်းပြောတာတွေက..... အမှန်တရားဖြစ်နိုင်တယ်, သူမက မိန်းကလေးလေ, သူမရဲ့ ပင်ကိုယ်သိစိတ်က အမြဲတမ်း ထက်ရှတယ်.....ပြီးတော့ ရွှယ်ချင်းက စေ့စေ့စပ်စပ် သတိထားတတ်တဲ့သူ, Mr ယန်ရဲ့ မွေးနေ့ပါတီမှာတုန်းက ဟန်ဟန်က ဖုန်းချွင်ကို အရမ်းကြောက်လန့်နေပြီး သူ့စိတ်တွေ ပုံမှန်မဟုတ် ဖြစ်နေခဲ့တာ, အဲ့ဒီတုန်းကတောင် သူက ကျင်းယွမ်ကိုပဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ကိုပဲ မှီခိုနေခဲ့တယ်, ကျွန်တော်တို့ ဘာပဲ လုပ်ပါစေ သူက လက်မလွှတ်ခဲ့ဘူး, နောက်ပိုင်း ဟန်ဟန်ပြန်သတိဝင်လာတဲ့ အချိန်မှာ ကျင်းယွမ်ပြောပုံအရဆိုရင် သူကျင်းယွမ်ကို ချက်ချင်း အေးစက်စက် ဆက်ဆံပြီး နှစ်ယောက်ကြားမှာ ဝေးကွာအောင် နေခဲ့တယ်တဲ့, အဲ့ဒါက သူသတိမဝင်ခင်မှာ လုပ်နေတဲ့ လုပ်ရပ်နဲ့က လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ, ကျွန်တော်တို့ အဲ့ဒီတုန်းက သတိမထားမိခဲ့ပေမယ့် အခုပြန် စဉ်းစားကြည့်လိုက်တော့ ဟန်ဟန်က ကျင်းယွမ်ကို ချစ်နေတယ်ဆိုတာကို သက်သေပြနေတယ်လေ, သူက အဲ့ဒါတွေကို ထုတ်ပြမိသွားမှာ စိုးရိမ်တာမို့လို့ ကျင်းယွမ်နဲ့ ဝေးဝေးနေဖို့အတွက် သူ့ကိုယ်သူ ဖိအားပေးနေရှာတာ"

ယန်ရဲ့ စကားကြောင့် အခန်းထဲကလူတိုင်း ထိုအမျိုးသားလေးနှစ်ယောက်ရဲ့ အချင်းချင်း ဆက်ဆံပုံကို ပြန်စဉ်းစားမိသွားကြသည်။ ကျင်းယွမ်အပေါ် မှီခိုတဲ့ ရိဟန်ရဲ့ အပြုအမူတွေက သေချာပေါက် ပုံမှန်မဟုတ်ဘူးလေ။

သို့ပေမယ့်လည်း စောစောက ယန်ပြောခဲ့သလိုပဲ ဒါက အဲ့ဒီနှစ်ယောက် ဒီနှစ်တွေအတွင်း ဘယ်လိုမျိုး ဆက်ဆံကြလဲ ဆိုတဲ့ ပုံစံပဲ ဖြစ်နေတာမို့လို့ သူတို့တွေက အဲ့ဒါကို အသားကျနေခဲ့ကြပြီး ဘာမှ မတွေးမိခဲ့ကြတာ

အမေက တုန်လှုပ်သွားပြီး မျက်ရည်များက သူမရဲ့ ပါးပြင်ပေါ်က တစ်ဆင့် ပေါင်ပေါ်သို့ သက်ဆင်းသွားကြသည်။

(Completed) Reborn as a good childWhere stories live. Discover now