Chapter《197》

5.9K 991 22
                                    

Unicode

အခန်း(၁၉၇)

ကျောင်းဟွာမှာ ပြောတော့မယ့် စကားက ပါးစပ်ဝတင် တစ်သွားရသည်။ ယန်မြောင်ရဲ့ မျက်လုံးများကတော့ သရဲတစ္စေအား မြင်လိုက်သလိုမျိုး ပြုးကျယ်သွားရလေသည်။ ဒေါသကို ဖိနှိပ်ထားရဆဲဖြစ်သည့် ယန်ဟွေနဲ့ ယန်ရန်တို့ကတော့ ပိုင်ယန်ရဲ့ စကားကြောင့် ထရယ်မိမတတ် ဖြစ်သွားသည်။ ရိဟန်ရဲ့ နှုတ်ခမ်းဆီမှလည်း တစ်ခွီးခွီး ရယ်သံ ပိစိလေး ထွက်လာသည်။ မှောင်မိုက်နေသည့် မျက်နှာနဲ့ ကျင်းယွမ်တောင်မှ ပိုင်ယန်အား လှည့်ကြည့်လာသည်လေ။

"ညီအစ်ကိုရေ အဲ့ဒီလို မလုပ်နဲ့လေ" ကျင်းယွမ်က ခဏရပ်ကာ အလေးအနက် စဉ်းစားပြီးနောက်မှာ ထုတ်ပြောလာသည်။

"ငါတို့တွေ အိမ်ထောင်ပြုသည်ဖြစ်စေ မပြုဘူးဖြစ်စေ ဘယ်လိုလုပ် ခွဲခြားလို့ ရမှာလဲ? အကယ်၍ ငါသာ ပိုင်မိသားစုအိမ်ကို လက်ထပ်ပြီး ဝင်ရမယ်ဆိုရင် မိသားစုနှစ်ခုက ကွဲပြားသွားမှာ မဟုတ်ဘူးလား?"

"ငါပြောတာ ငါက ကျောင်းဟွာရဲ့ မိသားစုထဲကို လက်ထပ်ပြီးဝင်မှာလို့" ပိုင်ယန်က မျက်လုံးလှန်ပြသည်။

"မင်းကို ပိုင်မိသားစုထဲ လက်ထပ်ဝင်ဖို့ ပြောတာ မဟုတ်ဘူး"

(T/N - ပိုင်ယန်က သူ့ကိုယ်သူ သတို့သမီး နေရာက ထားလိုက်တာပါ။ တရုတ် ထုံးစံအရ မိန်းကလေး ဖြစ်သူက ယောကျာ်းလေး ဖြစ်သူရဲ့ အိမ်ထဲ လက်ထပ်ဝင်ရတာမို့လို့ ပိုင်ယန်က ကျောင်းဟွာရဲ့ အိမ်ကို သတို့သမီးအနေနဲ့ ဝင်မှာလို့ ပြောတာပါ။ အဓိက ကတော့ ယန်မြောင်က ယောကျာ်းလေး သတို့သမီး ဆိုပြီး အထင်သေးနေလို့ပါ)

"အဲ့ဒါတော့ မဖြစ်ဘူး" ကျင်းယွမ်က ပြန်ပြောသည်။ သူက ခဏ ရပ်လိုက်ပြီးမှ စကားဆက်၏။

"တကယ်တော့ ငါတို့ မိသားစုနှစ်ခုသာ ပေါင်းစည်းနေသ၍ အဆင်ပြေပါတယ်" ထို့နောက်သူက ရိဟန်ဘက် လှည့်သွားသည်။

"ဟန်ဟန် မင်းရော ဘယ်လိုထင်လဲ?"

ရိဟန်မှာ သူ့ချစ်သူက ဒီလို လျှောက်နောက်နေတဲ့အထဲ ဝင်ပါမယ်လို့ မထင်လိုက်မိပေ။ ဒီမှာ ဘာကို နှိုင်းယှဉ်ပြီး ပြိုင်ဆိုင်နေစရာ ရှိလို့လဲ?

(Completed) Reborn as a good childWhere stories live. Discover now