Chapter《185》

6.2K 1K 13
                                    

Unicode

အခန်း(၁၈၅) - ချီမိသားစုရဲ့ ဒေါသ

"ဖိအားပေးမယ်?" ရိဟန်က ပြောလာသည်

"သူ့မှာ ငါတို့နဲ့ ထိပ်တိုက်တွေ့နိုင်မယ့် သတ္တိ မရှိပါဘူး, သူရဲ့ တစ်ခုတည်းသော အားသာချက်က ယိုရန်ရဲ့ မွေးအဖေဆိုတာပဲရှိတယ်,ဖြစ်နိုင်တာက အဆက်မပြတ် ဖြားယောင်း သွေးဆောင်တာဖြစ်ဖြစ် လူထုအမြင်ကို ယူဖို့ ကြိုးစားပဲဖြစ်ဖြစ်တော့ လုပ်လာနိုင်တယ်"

"သူ ဒီလောက် အရှက်မဲ့ နိုင်ပါ့မလား?" ယန်ဖေးရဲ့ ပါးများက ပူဖောင်းလာသည်။

"အကယ်၍ သူတကယ် အဲ့ဒီလို လုပ်တယ်ဆိုရင် သူ့က တကယ့်ကို အရေထူတာပဲ!"

"သူက အရေထူယုံတင်မဟုတ်ဘူး" ယန်ရန်က ပြန်ပြော၏။

"သူလုပ်နေတာကို ကြည့်ရသလောက်တော့ သူ့ပုံစံက အကျိုးအမြတ် တစ်ခုတည်းကိုပဲ ကြည့်တဲ့သူဆိုတာ ငါပြောနိုင်တယ်, အကြောင်းအရင်းက ဘာပဲဖြစ်နေပါစေ သူသာ အဲ့ဒီကနေ တစ်ခုခု ရနိုင်နေသ၍ မျက်နှာတွေ ဂုဏ်သိက္ခာတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး, ခံစားချက်ဆိုတာက သူထည့်သွင်း စဉ်းစားစရာ မလိုတဲ့ တစ်စုံတစ်ရာပဲ"

ရိဟန်က ဝင်ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာ သူ့ဖုန်းမြည်လာသည်။ သူက ဖုန်းအား အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်၏။ သူ့မျက်နှာလေးက ဖြီးခနဲ ပြုံးသွားသည်။

ယန်ဖေးက ရိဟန်ရဲ့ မျက်နှာပေါ်က အကြည့်ကိုမြင်သောအခါ သူမရဲ့ နှုတ်ခမ်းမှာ ရွှတ်နောက်နောက် အပြုံးတစ်ခု ပေါ်လာသည်။

"ဒီရုပ်နဲ့ဆိုရင် Mr မုပဲ ဖြစ်ရမယ်"

ရိဟန်က တည်ငြိမ်စွာ ဖုန်းဖြေသည်။

"ကျင်းယွမ်, အလုပ်ပြီးသွားပြီလား?"

"အင်း" ကျင်းယွမ်ကပြန်ဖြေသည်။

"ဒီနေ့တွေ့ဆုံမှုက ဘယ်လိုနေလဲ?"

"ထင်ထားတဲ့ အတိုင်းပါပဲ" ရိဟန်က ပြော၏။

"ပထမတော့ ချူဖုန်းမင်က သူယိုရန်ရှိနေတာကို မသိပါဘူးလို့ ပြောတယ်လေ, သူ့အလိမ်အညာကို ယန်ရန်က ပေါ်တင် ဖော်လိုက်တဲ့အခါကျတော့ အဲ့ဒီလူက အပြစ်ရှိစိတ်လေးတောင် မခံစားရဘူး, သူက အဖေနဲ့သားဆိုတာ ဘယ်လိုမျိုး ချည်နှောင်သင့်လဲ ဆိုတာကိုတောင် စပြောလာသေးတယ်"

(Completed) Reborn as a good childWhere stories live. Discover now