Chapter《203》

5.5K 995 19
                                    

Unicode

အခန်း(၂၀၃) - အကြွေး

"ငါက အသုံးဝင်မှ ချစ်မှာလား? ဒါက ဘယ်လိုလုပ် အချစ်လို့ သတ်မှတ်လို့ ရမှာလဲ?" ယန်မြောင်က ရှိုက်ကြီးတငင် ငိုသည်။

"ဖေဖေက ယန်မိသားစုရဲ့ ခေါင်းဆောင်။ သူ့မှာ သူလိုချင်တာ မှန်သမျှ အကုန်ရှိတယ်။ ငါက သူ့အတွက် ဘာလုပ်ပေးနိုင်မှာ မို့လို့လဲ? ဒီမှာ အစေခံတွေ ဒီလောက်များတာ။ ငါချက်တဲ့ အစားအစာတွေက လိုအပ်သေးလို့လား? အစ်ကိုက ကြက်ဥထဲကနေ အရိုးရှာနေသလိုပဲ! အစ်ကိုတို့ အားလုံးက အဲ့ဒီမိသားစုကြီး သုံးခုကို ကြောက်နေတာ။ ငါ့ကို အကုန်လုံး စွန့်ပစ်လိုက်ကြပြီ! နင်တို့က ငါ့ရဲ့ အဖေ၊ ငါ့ရဲ့ အစ်ကို၊ အဲ့ဒါတောင် ငါ့ကို ဟဲယွမ် လုပ်ပေးတာရဲ့ တစ်ဝက်လောက်တောင် မလုပ်ပေးကြဘူး! အဲ့ဒါကို ဘယ်လိုများ အချစ်လို့ ခေါ်လို့ ရမှာလဲ? နင်တို့ ငါ့အပေါ် ထားတဲ့ အချစ်က မမြင်ရလောက်တဲ့အထိကို နည်းပါးလွန်းတယ်! ငါနင့်ကိုမုန်းတယ်! နင်တို့အားလုံးကို မုန်းတယ်!"

သွေးနီရောင် ရဲနေတဲ့ မျက်လုံးများမှတစ်ဆင့် ယန်ချုံးကသူ့ညီမအား ပထမဆုံး မြင်ဘူးသည့် သူတစ်ယောက်လိုမျိုး ငေးကြည့်နေမိသည်။ သူစကား ပြန်မစနိုင်ခင်မှာ အချိန်တော်တော်လေး ကြာသွားခဲ့ရ၏။

"အဖေနဲ့ငါက ငါတို့ရဲ့ စိတ်နှလုံးသားကို မင်းဆီ ကမ်းလှမ်းခဲ့ပေမယ့် မင်းကတော့ မမြင်နိုင်ခဲ့ဘူးပဲ" ယန်ချုံးက ဆို့နင့်နေသည့် အသံဖြင့် စကားစလာသည်။

"ဟဲယွမ် က ပါးနပ်တဲ့ လျှာလေးပဲ ရှိနေတာကို မင်းက သူ့ကို ရတနာလို ဆက်ဆံတယ်။ မင်းဘက်က ငါတို့ကို မုန်းတီးနေမှတော့ ဘာလို့ ဒီကို ရောက်လာရသေးတာလဲ? အိမ်ပြန်လိုက်တော့"

ယန်မြောင်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်များ တစ်လိမ့်လိမ့် စီးကျလာရင်း သူမရဲ့မေးကို မြင့်မြင့်မြှောက်ထားသည်။

"ကြည့်! ကြည့် ကြည့် ကြည့်! နင်ထပ်ပြီး အစ်ကိုကောင်းတစ်ယောက်လို ဟန်မဆောင်တော့ဘူးပေါ့? နောက်ဆုံးတော့ နင့်ရဲ့ စစ်မှန်တဲ့ ဘက်ခြမ်းကို ပြလာခဲ့ပြီပဲ။ နင်တို့အားလုံးက ငါ့ကိုစိတ်ရှုပ်စရာလို့ တွေးနေတာမို့လို့ အိမ်ကနေ ကန်ထုတ်နိုင်မယ့် ဒီအခွင့်အရေးကို သုံးချင်နေကြတာ! ဒါပေမဲ့ ငါ့မျိုးရိုးနာမည်က ယန်ဖြစ်နေတုန်းပဲ။ ဒီအိမ်ကလည်း ငါ့အိမ်! နင့်မှာ ငါ့ကိုမောင်းထုတ်စရာ ဘာအခွင့်များ ရှိနေလို့လဲ?"

(Completed) Reborn as a good childWhere stories live. Discover now