Chapter《198》

5.7K 1K 24
                                    

Unicode

အခန်း(၁၉၈) - ငါ သူမကို နားလည်အောင် လုပ်လိုက်မယ်

ပိုင်ယန်က နောက်က လိုက်လာခြင်းပင်။ ပိုင်ရိဟန်ပြောတဲ့ စကားကို ကြားသောအခါ မခံမရပ်နိုင် ဖြစ်သွားမိတာကြောင့် သူ့ညီလေးရဲ့ ပါးကို ဆွဲညှစ်ပစ်လိုက်ကာ ပြောလိုက်သည်။

"မင်းကအရမ်း သည်းခံတတ်တာပဲ ; ဒါပေမဲ့ ဒီလို နှလုံးသား အကြီးကြီး ရှိတာလည်း ကောင်းပါတယ်။ အဲ့ဒီလို ကိစ္စမျိုးအတွက်နဲ့ စိတ်ထဲ ချဉ်စူးစူး မဖြစ်တော့ဘူးပေါ့။ ကျန်တာကို ငါတို့နဲ့ပဲ လွှဲထားလိုက်"

ယန်ရန်က မျက်လွှာချထားပြီး ယိုရန်ရဲ့ လက်ချောင်းများအား လိမ်ယှက်နေသည့် အပေါ်မှာသာ အာရုံစိုက်ထား၍ ပိုင်ယန်ပြောသည့် 'ကျန်တာကို' ဆိုတဲ့ စကားအား နားမလည်ချင်ယောင် ဆောင်နေသည်။

မုကျင်းယွမ်က ပိုင်ယန်ရဲ့ လက်ကို ရိုက်ထုတ်လိုက်ပြီး ငြီးငြူ၏။

"မင်းက သူ့ပါးတစ်ခုလုံး နီရဲအောင် လုပ်ပစ်လိုက်တာပဲ" ထို့နောက် သူက ရိဟန်ရဲ့ လုံးဝကို အမှတ်အသား မရှိသည့် ပါးလေးအား ညင်ညင်သာသာ ပွတ်ပေးကာ ပိုင်ယန်အား စူးစူးရဲရဲ စိုက်ကြည့်နေသည်။

"ကျင်းယွမ်, ငါမင်းကို သတိပေးလိုက်မယ်" ပိုင်ယန်က ဒေါသတကြီး အော်သည်။

"ဒါလောက်ဆို လုံလောက်နေပြီ။ ငါက သူ့အစ်ကိုကြီးပါ။ အဲ့ဒီလောက်လေးတောင် ပြင်းပြင်း ဆွဲလို့ မရဘူးလား? နောက်ဆုံးတစ်ခေါက် ရွှယ်ချင်းက သူ့ကို ဒီအတိုင်းလေး ဖက်တာတောင် မင်းမျက်နှာကြီးက ပုတ်သိုးမဲမှောင်နေတာပဲ။ ငါတို့က ကိုယ်ညီလေးကိုယ်တောင် ထိလို့ မရဘူးလား? မင်းအရမ်း လွန်ကဲမလာနဲ့!"

"ငါတို့က လက်မှတ်ထိုးပြီးသားကွ!" ကျင်းယွမ်က ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြောလာသည်။

"ငါက တရားဝင်အရ သူ့ပါတနာပဲ။ ဘယ်သူ့ကိုမဆို သူ့အနားမကပ်ဖို့ ဒါမှမဟုတ် သူ့ကို မထိခိုက်စေဖို့ တားပိုင်ခွင့်ရှိတယ်။"

ပိုင်ယန်က သူ့အား စူးစူးရဲရဲ ပြန်ကြည့်သည်။

"ငါက သူ့အစ်ကိုကြီး! အဲ့ဒါကို ငါက သူ့ကို 'နာကျင်အောင်' လုပ်မယ်လို့ ထင်နေတာလား? မုကျင်းယွမ် , အဲ့ဒီ အလိမ်အညာတွေကို တော်လိုက်တော့!"

(Completed) Reborn as a good childWhere stories live. Discover now